ဤဝက်ဘ်ဆိုက်ကို မည်ကဲ့သို့ အသုံးပြုရမည်နည်း

မြန်မာနိုင်ငံရွေးကောက်ပွဲအရင်းအမြစ်နှင့် သတင်းအချက်အလက်ကွန်ယက် (MERIN)  သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အထောက်အကူပြုပစ္စည်းများအား မှတ်တမ်းတင်စာရင်းပြုစုထားသည့် ကွန်ယက်တစ်ခုဖြစ်သည်။ MERIN သည် မြန်မာနိုင်ငံ၏ ဆန္ဒမဲပေးသူများနှင့် သုတေသီများအား ဒီမိုကရေစီလုပ်ငန်းစဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိရှိ  ရယူနိုင်စေရန် ဖန်တီးထားသော ဘက်လက်မှုမရှိသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။

အပိုင်း (၃) ပိုင်းဖြင့် မှတ်တမ်းတင် စာရင်းပြုစုထားပါသည်။

  • သင်တန်းအရင်းအမြစ်များ အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းများမှ မြန်မာနိုင်ငံတွင် နိုင်ငံသားများ ပါဝင်မှုတိုးမြှင့်စေရန် သင်တန်းအစီအစဉ်များပို့ချခြင်း အနှစ်ချုပ်များနှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းများ၊ ပိုစတာများကို စုစည်းထားသော စာကြည့်တိုက်တစ်ခုဖြစ်ပါသည်။ ဤသင်တန်းအရင်းအမြစ်များသည် ပထမအကြိမ်ဆန္ဒမဲပေးမည့်လူငယ်များကျားမတန်းတူညီမျှမှုမသန်စွမ်းသူများအခွင့်အရေးနှင့် လူနည်းစုများ ( တိုင်းရင်းသားလူနည်းစုများအပါအဝင်) စသည့် လူဦးရေအချိုးအစားများ အတွက် ပစ်မှတ်ထားရည်ရွယ်ကာ စုစည်းတင်ပြထားခြင်းလည်း ဖြစ်ပါသည်။ သင်တန်းအစီအစဉ်တစ်ချို့နှင့် ပတ်သက်သော အင်တာဗျူးများ၊ ဗွီဒီယိုမှတ်တမ်းများကိုပါ သင်ရှာဖွေတွေ့ရှိနိုင်ပါသည်။
  • နိုင်ငံသားကောင်းနှင့် ဆန္ဒမဲပေးသူပညာရေး ဆန္ဒမဲပေးသူများအား ရွေးကောက်ပွဲများအတွက်  ဦးတည်ချက်ထားပြီး ဖြန့်ဝေထားသော အထောက်အကူပြုပစ္စည်းများနှင့် လူထုသတင်းအချက်အလက်များကို မှတ်တမ်းတင်စာရင်းပြုစုထားပါသည်။ မဲရုံများ၌ ပြသထားခဲ့သော ပိုစတာများနှင့် တခြားသော သတင်းဌါနများတွင် ဖြန့်ဝေထားသော သတင်းအချက်အလက်များလည်း ပါဝင်ပါသည်။
  • ရွေးကောက်ပွဲသတင်းအချက်အလက်များဆိုသည်မှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ထုတ်ပြန်ထားချက်များ အားလုံးကို မှတ်တမ်းတင်စာရင်းပြုစုထားခြင်းကိုဆိုလိုပါသည် ။ နှစ်အလိုက် ထုတ်ပြန်ချက်များ သို့မဟုတ် အမျိုးအစားအလိုက် ၊ ခေါင်းစဉ်အလိုက် စာရွက်စာတမ်းများကို သင်ရှာဖွေနိုင်ပါသည်။ မီးမောင်းထိုးဖော်ပြထားသော အမျိုးအစားများမှာ ရွေးကောက်ပွဲ အမေးအဖြေများအမျိုးသမီးများပါဝင်မှုမသန်စွမ်းသူများနှင့် တိုင်းရင်းသားလူနည်းစုများစောင့်ကြည့်လေ့လာသူအစီအရင်ခံစာများပွင့်လင်းရွေးကောက်ပွဲအချက်အလက်များပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပုံများရွေးကောက်ပွဲ ဥပဒေမူဘောင်နှင့် မဲရုံအထောက်အကူပြုပစ္စည်းများပါဝင်ပါသည်။ ပိုပြည့်စုံသော စုစည်းမှုများကို သိရှိရန် ကျေးဇူးပြု၍ ရွေးကောက်ပွဲသတင်းအချက်အလက်များ ပေ့ချ်ကို ဝင်ရောက်လေ့လာပါ။