မုံရွာမြို့နယ်မှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ရွေးချယ်ခံရသော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်များနှင့် မုံရွာမြို့မိမြို့ဖများ ယနေ့တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံဆွေးနွေးပွဲကို မုံရွာကုန်စည်ဒိုင်အစည်းအဝေးခန်းမ ၌ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံသွားမည်ဖြစ်သည်။
‘‘ပြည်သူရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအ နေနဲ့ မြို့မိမြို့ဖတွေကို အပ်နှံတာပါ။ လုပ်ငန်းတွေစတင်ဆောင် ရွက်တဲ့အချိန်မှာ အကြံဉာဏ်ပေး ဖို့၊ ဝေဖန်ဖို့၊ ဆုံးမစရာရှိတာ ဆုံးမပေးဖို့အတွက် လုပ်သင့်လုပ်ထိုက် တာကို ပြောနိုင်၊ ဆိုနိုင်မယ့် မြို့မိမြို့ဖတွေကို အပ်နှံတာပါ’’ဟု တွေ့ဆုံပွဲနှင့် ပတ်သက်၍ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော ဦးသန့်စင်မောင်က ပြောကြားသည်။
မုံရွာမြို့ပေါ်ရှိ အသက်အ ရွယ်ကြီးရင့်သော စာပေပညာရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည် များ၊ အနှေးယာဉ်လုပ်သားများ၊ အသိပညာရှင် အတတ်ပညာရှင် များအား ဖိတ်ကြား၍ မုံရွာမြို့နယ် ရွေးချယ်ခံဒီချုပ်လွှတ်တော်ကိုယ် စားလှယ်များက တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် မုံရွာမြို့နယ်အ တွင်း ရွေးချယ်ခံလွှတ်တော်ကိုယ် စားလှယ်များအဖြစ် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသန့်စင်မောင်၊ တိုင်းဒေ သကြီး မဲဆန္ဒနယ်အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာ ကြည်၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၂ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ကြည်တို့ ရွေး ချယ်ခံခဲ့ရသည်။