ပြည်နယ်အစိုးရသစ် ဖွဲ့စည်းရန် မွန်ပြည်နယ် ဒုတိယ အကြိမ်လွှတ်တော်ပထမပုံမှန်အ စည်းအဝေးကို မတ်လနောက်ဆုံး ပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှ သတင်းရရှိသည်။
ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမ ရက်ကို ပြီးခဲ့သည့် ဖေဖော်၀ါရီ ၈ ရက်တွင် ကျင်းပခဲ့ပြီး လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌနှစ်ဦးအား ရွေးချယ်ခဲ့ သည်။ လာမည့်အစည်းအဝေး ပြုလုပ်သည့်နေ့တွင် ပြည်နယ်၀န် ကြီးချုပ်နှင့် ၀န်ကြီးများ၊ တရားသူ ကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ် ချုပ်ခန့်အပ်ခြင်းနှင့် နေရာပေး ခြင်း၊ လွှတ်တော်ရေးရာကော်မတီများကို ဖွဲ့စည်းသွားမည် ဖြစ် သည်။
‘‘ အစည်းအဝေးလုပ်မယ့် ရက်ကိုတော့ အတိအကျအန်တီ မပြောနိုင်သေးဘူး။ ဒီလနောက် ဆုံးအပတ်ထဲမှာပဲ ဖြစ်ဖို့များ တယ်။ အစည်းအဝေးကိုတော့ လေးရက်လောက်လုပ်မယ်လို့ ခန့်မှန်းထားတယ်’’ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောသည်။
လွှတ်တော်ရေးရာကော်မ တီများ ဖွဲ့စည်းရာတွင် ပြင်ပမှ ပညာရှင်များနှင့် အစိုးရအဖွဲ့၌ပါ၀င်ထားခြင်းမရှိသည့် ပါတီစုံမှ အနိုင်ရထားသော ကိုယ်စားလှယ် များဖြင့် အဓိကဖွဲ့စည်းပေးသွား မည် ဖြစ်ကြောင်း ဒေါ်တင်အိက ဆိုသည်။
ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တိုင်းရင်း သားလူမျိုးများရေးရာကော်မတီ၊ ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ ဥပဒေအကြံပြုစိစစ်ရေး ကော်မတီ၊ ဘဏ္ဍာရေးစီမံကိန်း နှင့် စီးပွားရေးကော်မတီ၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကော်မတီစသည့် လွှတ်တော်ရေးရာ ကော်မတီ ငါးခုဖွဲ့စည်းခဲ့သည်။ ယခုလွှတ်တော်တွင် တိုင်ကြားစာ နှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေးကော်မတီအသစ် တစ်ခု ဖွဲ့စည်းမည်ဖြစ်ပြီး စုစု ပေါင်းလွှတ်တော်ရေးရာကော်မ တီ ခြောက်ခုဖွဲ့စည်းသွားမည် ဖြစ်သည်။
‘‘လွှတ်တော်အစည်းအဝေး ဘယ်နေ့လုပ်မယ်ဆိုတာ ဘာသတင်းမှ မကြားသေးဘူး။ အစည်းအဝေးပြန်လုပ်မယ့် နေ့ ရောက်ရင် အစိုးရသစ်ပြန်ဖွဲ့မယ်။ ပြည်နယ်၀န်ကြီးချုပ်နေရာနဲ့ ၀န်ကြီးနေရာကို အင်န်အယ်လ်ဒီပါတီက အများဆုံးနေရာယူမယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မိတ်ဖက်ဖြစ်တဲ့ မွန်အမျိုးသားပါတီက ကိုယ်စားလှယ် နှစ်ဦးကိုလည်း ၀န်ကြီးနေရာပေးဖို့ သူတို့အစီအစဉ် ရှိတယ်လို့ ကျွန်တော်ကြားထား တယ်။ ကျွန်တော်ကြားတာ မှား ရင်လည်း မှားမယ်’’ဟု မွန်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြော သည်။
မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်လောင်း ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်လောင်း ရှစ်ဦး၊ စုစုပေါင်း ၃၁ ဦးရှိပြီး အင်န်အယ်လ်ဒီပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦးအား ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌနေရာခန့်အပ်ထားသည်။