သမ္မတရွေးချယ်ရာတွင် မဲလက်မှတ်ပေါ်၌ မှားယွင်း ရေးသားမိပါက မဲလက်မှတ် အသစ်ထပ်မံတောင်း ခံနိုင်

နိုင်ငံတော်သမ္မတအား ဆန္ဒမဲပေးရွေးချယ်ရာ၌ မဲလက်မှတ်ပေါ်တွင် မှားယွင်းရေးသားမိလျှင် ဆန္ဒမဲလက်မှတ်အသစ်လဲ လှယ်ပေးရန် တောင်းခံနိုင် ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင် မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၌ ဖော်ပြပါရှိသည်။
သို့သော် မှားယွင်းရေးသားမိသောဆန္ဒမဲလက်မှတ်ကို ရေးသား မိသူကိုယ်တိုင် ပြည်ထောင်စု လွှတ်တော်နာယကရှေ့မှောက် တွင် ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ ဖျက်ဆီးသောဆန္ဒမဲလက်မှတ်အရေအတွက်ကို ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ်က ပုံစံဖြည့်သွင်းပြုစုပြီး နာယကထံတင်ပြအတည်ပြုချက်ရယူ၍ လက်မှတ်ရေးထိုးမှတ်တမ်းထားရှိရမည်ဖြစ် ကြောင်း နည်းဥပဒေတွင်ဖော်ပြပါ ရှိသည်။ သို့ဖြစ်ရာ ကိုယ်စားလှယ် များသည် မိမိ၏ဆန္ဒမဲကိုပယ်မဲမ ဖြစ်စေလိုလျှင် မှားယွင်းခဲ့ပါက လည်းထပ်မံတောင်းခံနိုင်မည်ဖြစ် သည်။

မတ်လ ၁၁ရက် ဒုသမ္မတ ရွေးချယ်စဉ်က ပြည်သူ့လွှတ်တော်တွင် ပယ်မဲ ၁၄မဲအထိရှိခဲ့ပြီး အမျိုးသားလွှတ်တော်၌ ခြောက်မဲအထိရှိခဲ့သည်။ ထို့အပြင် ၂၀၁၁ သမ္မတရွေးစဉ်ကလည်း ပယ်မဲ ငါးမဲအထိရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၌ ဒုသမ္မတသုံးဦးဖြစ်သည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးမြင့်ဆွေတို့ထဲမှ ထောက်ခံမဲအ များဆုံးရသူကို သမ္မတအဖြစ်တင် မြောက်ရမည်ဖြစ်သည်။

ကိုယ်စားလှယ် ၆၅၃ဦးမဲ ပေးရမည့် သမ္မတရွေးချယ်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃၉၀ဦးရှိသည့် အတွက် ဒီချုပ်က သမ္မတကို အလွယ်တကူ တင်မြောက်နိုင်မည်ဖြစ်သည်။

မဲပေးရာတွင်ထောက်ခံသူတစ်ဦးတည်းကိုသာအမှန်အမှတ်အသား(√ )ပြုရန်နှင့်ကန့်ကွက်သူများကိုကြက်ခြေအမှတ်အသား(×)ပြုရမည်ဖြစ်ကြောင်းနည်းဥပဒေ၌ ပါရှိသည်။

Source: 

7 Day Daily