သမ္မတရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ် စတင်မည့်ရက် တစ်ပတ်ရှေ့တိုး ……………
နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက် နိုင်ရေး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက်အစည်းအဝေးများ စတင်ကျင်းပမည့်ရက်ကို မူလကထက် ရှေ့သို့ သီတင်း တစ်ပတ်တိုးခဲ့သည်။
မူလက မတ်လ ၁၇ ရက်တွင် ကျင်းပရန် သတ်မှတ်ထားသည်ကို မတ်လ ၁၀ ရက်သို့ ပြည်ထောင်စုလွှတ်တော်နာယကက ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
‘‘မတ်လ ၁၇ ရက်အစား တစ်ပတ်ရှေ့တိုးပြီး ၂၀၁၆ မတ်လ ၁ဝရက် (ကြသပတေးနေ့)တွင် စတင် ကျင်းပပြုလုပ်သွားရန် ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာပါ တယ်’’ဟု နာယက မန်းဝင်းခိုင် သန်းက လွှတ်တော်သို့ အသိပေး သည်။ ပြင်ဆင်သတ်မှတ်သည့် ရက်နှင့်အညီ သက်ဆိုင်ရာလွှတ် တော် ကိုယ်စားလှယ်များ အစု အဖွဲ့က ဒုသမ္မတအမည်စာရင်း နှင့် သမ္မတအရည်အချင်းစိစစ်ရေး အဖွဲ့ ဖွဲ့စည်းရန် ကိုယ်စားလှယ် တစ်ဦးစီပါ ရွေးချယ်ပေးပို့ရန် နာယကက တစ်ဆက်တည်းပြော ကြားသည်။
‘‘သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အ လိုက်အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတများရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၃၊ ၂၅ နဲ့ ၂၆ တို့နဲ့အညီ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအ ဖွဲ့က ရွေးချယ်ပေးတဲ့ ဒုသမ္မတ များ အမည်စာရင်းနဲ့ နိုင်ငံတော် သမ္မတအရည်အချင်းပြည့်စုံခြင်း ရှိ၊ မရှိစိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့က ရွေးချယ် ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီရဲ့ အမည်စာရင်းတို့ကို ပြင်ဆင်သတ်မှတ်ပေးတဲ့ နေ့ရက် နဲ့အညီ တစ်ပါတည်းရွေးချယ်ပြီး ပေးပို့ကြရန် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါတယ်’’ ဟု နာယက မန်းဝင်းခိုင်သန်းက ပြောသည်။
ထို့ကြောင့် မတ်လ ၁၀ ရက် တွင်ပင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များက တင်မြှောက်မည့် ဒုသမ္မတများအမည် စာရင်းကို သိရှိရမည် ဖြစ်သည်။