သမ္မတရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ်ဖြစ် သည့် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့်လွှတ်တော်ကိုယ် စားလှယ်များအစုအဖွဲ့၏အစည်း အဝေးစတင်မည့်ရက် ပြောင်းလဲ သတ်မှတ်ခြင်းကို ယနေ့(မတ်လ ၁ ရက်)တွင် ပြည်ထောင်စုလွှတ် တော်၌ ကြေညာမည်ဖြစ်သည်။
မူလက ၂၀၁၆ မတ်လ ၁၇ ရက်တွင် အစည်းအဝေးစတင်ရန် ပြည်ထောင်စုလွှတ်တော်နာယ က မန်းဝင်းခိုင်သန်းက ကြေညာ ခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၂၈ရက်တွင် နေပြည်တော်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီ စံအိမ်၌ ပါတီဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးကျင်းပပြီး နောက် သမ္မတ ရွေးချယ်တင် မြှောက်ရေးလုပ်ငန်းစဉ် အစည်း အဝေးပြုလုပ်မည့်ရက် ပြောင်း ရွှေ့မည့်ကိစ္စ လျာထားချက်၌ ပါဝင်လာခြင်းဖြစ်သည်။
လွန်ခဲ့သည့် တစ်ပတ်က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုများကို အစိုးရက လာရောက် ဖြေဆိုခြင်းမရှိခဲ့ဘဲ ၎င်း တို့ကို တင်မြှောက်ခဲ့သော ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် ကိုသာ အစိုးရက တာဝန်ခံသည် ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားခဲ့သည်။ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ရွေးကောက်ပွဲပြီး နောက် တတိယအကြိမ်မြောက် အဖြစ် လွန်ခဲ့သည့်လက တွေ့ဆုံ ခဲ့ကြသည်။ အာဏာလွှဲပြောင်း ရေးကော်မတီနှစ်ခုလည်း လွန်ခဲ့ သည့်တစ်ပတ်က တွေ့ဆုံခဲ့ကြ သည်။
လွန်ခဲ့သည့် တစ်ပတ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ဒီချုပ်မှ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌများ လွှတ် တော်ဝင်းရှိ ဒေါ်အောင်ဆန်းစု ကြည်၏ရုံးခန်းတွင် တွေ့ဆုံခဲ့ကြ သည်။
အထက်ပါတွေ့ဆုံမှုများပြီး နောက် သမ္မတ ရွေးချယ်တင် မြှောက်ရေး လုပ်ငန်းစဉ် ရက် ပြောင်းရွှေ့မည့်ကိစ္စ အစည်းအ ဝေးလျာထားချက်တွင် ပါဝင်လာ ခြင်းဖြစ်သည်။ သမ္မတ ရွေးချယ် တင်မြှောက်ရေး လုပ်ငန်းစဉ်မှာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့နှင့် အဆိုပါ လွှတ်တော်နှစ်ရပ် အ တွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင် သွင်းသော တပ်မတော်သားကိုယ် စားလှယ်များအစုအဖွဲ့တို့က ဒုတိ ယသမ္မတတစ်ဦးစီကို ရွေးချယ် တင်မြှောက်ကြမည်ဖြစ်သည်။
အစည်းအဝေးများကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ပြည်သူ့လွှတ်တော် တွင်လည်းကောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအ စုအဖွဲ့က အမျိုးသားလွှတ်တော် တွင်လည်းကောင်း၊ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့က တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သတ်မှတ်ပေး သည့်နေရာတွင်လည်းကောင်း ပြုလုပ်ရန် နာယကက မှာကြားခဲ့သည်။
ဒုသမ္မတတစ်ဦးစီ ရွေးချယ် တင်မြှောက်ပြီးပါက သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တပ်မ တော်က တာဝန်ပေးအပ်သည့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးက ရွေးချယ်တင်မြှောက်ခံ ရသည့် ဒုသမ္မတအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယ ကထံ တင်ပြရမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်းက ယင်းကဲ့သို့ သောအစည်းအဝေးများကို ၂၀၁၁ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပ ရန် ညွှန်ကြားခဲ့သည်။ သမ္မတ၊ ဒုသမ္မတများရွေးချယ်ခြင်းကို ဖေ ဖော်ဝါရီ ၄ ရက်တွင် ပြီးစီးခဲ့သည်။လက်ရှိ အစိုးရသက်တမ်းသည် လာမည့်မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဦးဆောင်သော အ စိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးရမည်ဖြစ်သည်။
‘‘မတ်လ ၁၇ ရက်နေ့မှ သမ္မတရွေးချယ်ရေးလုပ်ငန်းစ တာမဟုတ်ဘူး။ မီဒီယာတွေက ရေးနေတာ တကယ်တမ်း ၁၇ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အမျိုး သားလွှတ်တော်နဲ့ တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့က ဆွေးနွေးအဆိုပြုထားတဲ့ ဒုသမ္မတ လောင်းတွေအမည်ကို အဲဒီနေ့ တင်မှာလေ။ အဲဒီမတိုင်ခင် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီ အတွက် အစည်းအဝေးခေါ်တာ။ သူချပြတဲ့အမည်စာရင်းကို ပြည် သူမှာ ပြန်ဆွေးနွေးတာ။ အဲဒီလို ပဲ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကလည်း အစည်းအဝေးခေါ်မှာ။ အဲဒီ Process က မတ်လ ၁၇ ရက် မတိုင်ခင်လုပ်ကြမှာပေါ့။ ဘယ် နေ့လုပ်မယ်ဆိုတာ လွှတ်တော် ဥက္ကဋ္ဌတွေ အစည်းအဝေးခေါ်ချိန် ပေါ့’’ဟု ဦးထွန်းထွန်းဟိန်က ပြော ကြားသည်။