နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှုအထောက်အ ကူပြုကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူး ပြောင်းရေးအဖွဲ့အကြား တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအ မှတ် (၁၈)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မတ်လ ၃၀ ရက်တွင် အခမ်းအနားကျင်းပရန် သဘော တူညီခဲ့သည်။
‘‘အစိုးရအဖွဲ့ အာဏာလွှဲ ပြောင်းရေးကတော့ ဘာမှအခက် အခဲရှိမှာမဟုတ်ဘူး။ ရှောရှော ရှူရှူဖြစ်မယ်။ နောက်တစ်ချက် ကတော့ကျွန်တော်တို့ဆီက ရည် ရွယ်ချက်ကတော့ ဝန်ကြီးဌာန တွေပေါင်းမယ့် သဘောရှိတဲ့အ တွက် ဝန်ကြီးတွေကို မကြေညာ ရသေးဘူး။ မကြေညာရသေးတဲ့ အခါကျတော့ လွှဲပြောင်းလက်ခံ တာကိုတော့ တိုက်ရိုက်မလုပ်နိုင် သေးဘူး။ သူတို့ဘက်ကတော့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ဦးသိန်းစိန်အစိုးရက မတ်လ ၃၀ မှာ ကုန်ဆုံးမှာမို့လို့ မတ်လ ၃၀ ရက်မှာ အားလုံးလွှဲပြောင်းပေး တာ အကုန်ပြီးသွားမှာပါ။ မတ်လ ၃၀ ရက်မှာလုပ်မှာပါ။ သမ္မတ အိမ်တော်မှာ လုပ်မလား၊ လွှတ် တော်မှာ လုပ်မလားဆိုတာ ဆုံး ဖြတ်ချက်မချရသေးဘူး’’ဟု အ စည်းအဝေးတွင်ပါဝင်သူ ဒီချုပ် အသွင်ကူးပြောင်းရေးအဖွဲ့မှ အ ဖွဲ့ခေါင်းဆောင်ဦးဝင်းထိန်က ပြောသည်။
အစည်းအဝေးတွင် သမ္မတ အိမ်တော်၌ ကျင်းပမည့် နိုင်ငံ တော်အကြီးအကဲတာဝန်လွှဲ ပြောင်းသည့် အခမ်းအနားအစီအ စဉ်လျာထားချက်များကို အသေး စိတ်ရှင်းလင်းဆွေးနွေးကြ ကြောင်းအစိုးရဘက်က ထုတ်ပြန် ရာ အစိုးရဘက်က အခမ်းအနား ကို သမ္မတအိမ်တော်၌ ကျင်းပလို ဟန်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥ ပဒေအရ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုလွှတ်တော်က ရွေး ချယ်တင်မြှောက်ရခြင်းဖြစ်သည်။
စတုတ္ထအကြိမ် ညှိနှိုင်းအ စည်းအဝေးကို လာမည့်မတ်လ အတွင်း နှစ်ဖက်ညှိနှိုင်းကျင်းပရန် သဘောတူညီကြကြောင်း အစိုးရ ဘက်က ထုတ်ပြန်သည်။
အစည်းအဝေးကိုနိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ ဥ က္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှ ထွန်း၊ ကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်အုန်းနှင့် နိုင်ငံတော်သမ္မတ ရုံး ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးတို့ တက်ရောက်ခဲ့ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ခေါင်း ဆောင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာမျိုးအောင် နှင့် ဒေါက်တာအောင်သူတို့တက် ရောက်ခဲ့ကြကြောင်း အစိုးရဘက် က ထုတ်ပြန်သည်။