ရှမ်းပြည်နယ် လွှတ်တော်သစ်တက်ရောက်မည့် အမတ်လောင်းများ ဖေဖော်ဝါရီ ၅ ရက် နောက်ဆုံး ထား သတင်းပို့ရမည်

ဒုတိယအကြိမ်ရှမ်း ပြည်နယ်လွှတ်တော်ကိုဖေဖော်ဝါ ရီ ၈ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး ပြည်နယ်လွှတ်တော်သစ် အစည်းအဝေး တက်ရောက်ကြ မည့်အမတ်လောင်းများ ဖေဖော်ဝါရီ ၅ ရက်နောက်ဆုံးထား သတင်းပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲ အနိုင်ရလွှတ် တော် ကိုယ်စားလှယ်လောင်းများသည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် လွှတ်တော်ရုံးသို့ ဖေဖော်ဝါရီ ၄ ရက်ထက်မစော၊ ဖေဖော်ဝါရီ၅ ရက်ထက်နောက်မကျဘဲ သတင်း ပေးပို့ကြရန် ရှမ်းပြည်နယ် လွှတ် တော်ရုံးကသတင်းထုတ်ပြန်ထား သည်။ ‘‘ပြည်နယ် ကိုယ်စားလှယ် တွေအနေနဲ့ အစည်းအဝေးအ တွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ ဖိတ်စာရရ၊ မရရ သတ် မှတ်ရက်တွေမှာ သတင်းပေးပို့ဖို့ လိုပါတယ်။ ဒါကိုလည်း အားလုံး သိရှိဖို့ အကြောင်းကြားပေးထား ပြီးဖြစ်ပါတယ်’’ဟု ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ဖေဖော်ဝါရီ ၈ ရက်တွင်ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးကို ယခင်လွှတ်တော်ဥက္ကဋ္ဌဟောင်းကခေါ်ယူပေးပြီး လွှတ်တော်ဥက္ကဋ္ဌ သစ် မရွေးနိုင်သေးမီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး က သဘာပတိအဖြစ် ဆောင်ရွက် သွားမည်ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေး ကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုးညွန့် လွင်ကပြောသည်။

‘‘လွှတ်တော်ရုံးမှာ အမတ် တွေက ဖေဖော်ဝါရီ ၄ ရက် သတင်းပေးပို့ရမယ်လို့ ကျွန်တော် တို့ကို အကြောင်းကြားထားတယ်။ မှတ်ပုံတင်ကတ် ထုတ်ပေးတာ တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ ဖတ်ဖို့ စာအုပ်တွေ ထုတ်ပေးတာတွေ စာရင်းသွင်းတာတွေလုပ်ရမယ်လို့ သိထားတယ်’’ ဟု ၎င်းက ပြောသည်။

ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များကို ရှမ်းပြည်နယ် လွှတ်တော်ရုံးက တောင်ကြီးဟိုတယ်တွင် တည်းခိုနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း ယခု လွှတ်တော်တွင် မည်သို့စီစဉ်ပေးထား သည်ကို မသိရှိသေးကြောင်းပြည်နယ်လွှတ်တော်အစည်းအသစ်သို့ တက်ရောက်မည့် ကိုယ်စားလှယ်အချို့ကပြောသည်။

Source: 

7 Day Daily