လွှတ်တော်အ သစ်သို့ တက်ရောက်မည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအ တွက် ယခင်လွှတ်တော်အစည်းအ ဝေးကာလများအတိုင်း နေထိုင် စားသောက်ရေးကို စီစဉ်ပေးထား ကြောင်း ပြည်သူ့လွှတ်တော်ရုံးမှ သတင်းရရှိသည်။
လွှတ်တော်အစည်းအဝေး ကျင်းပသည့် ရက်များတွင် နေ့ လယ်စာကို လွှတ်တော်အစည်း အဝေးခန်းမအနီးရှိ ထမင်းစားခန်း ၌ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် စီစဉ်ထားမည် ဖြစ်သည်။
ထို့ပြင် လွှတ်တော်အစည်း အဝေး အသွား၊ အပြန်ခရီးစဉ်အ တွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်နှင့် နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာတို့တွင် တည်းခိုသည့် လွှတ်တော်ကိုယ် စားလှယ်များအတွက် စုပေါင်း ယာဉ်များစီစဉ်ပေးထားပြီး မိမိ အစီအစဉ်ဖြင့် မော်တော်ယာဉ်အ သုံးပြုမည်ဆိုပါက ယာဉ်အမျိုးအ စား၊ ယာဉ်အမှတ်၊ ယာဉ်မောင်း ၏ အမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တို့ကို ပြည်သူ့ လွှတ်တော်ရုံးသို့ ကြိုတင်ပေးပို့ရ မည် ဖြစ်သည်။
လွှတ်တော်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိကြောင်း သတင်းပို့ လက်ခံဌာနကို နေပြည်တော်ရှိ ရုံးအ မှတ် (၂၀) လွှတ်တော်ရုံး၌ ဖွင့်လှစ်ပေးထားပြီး ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်များတွင် လာရောက် သတင်းပေးပို့ရန် ပြည်သူ့လွှတ် တော်ရုံးက လွှတ်တော်ကိုယ်စား လှယ်အသစ်များအား အသိပေး ထားသည်။
လက်ရှိကျင်းပဆဲ လွှတ် တော်အစည်းအဝေးများသည် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၁ ရက်၌ ဒုတိယ အကြိမ်လွှတ်တော်အသစ်များကို ပြန်လည်ကျင်းပမည် ဖြစ်သည်။
ယင်းလွှတ်တော်အသစ်များ တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရရှိထားသော အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များက နေရာအများစုရရှိထားသည်။