သမ္မတ၊ တပ်ချုပ်တို့နှင့် မတွေ့မီတစ်ရက်အလိုတွင် တွေ့ဆုံခဲ့ပြီး ယခုထပ်မံတွေ့ဆုံခြင်းဖြစ်
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နှင့်တွေ့ဆုံပြီးနောက်တစ်ရက် ဒီဇင်ဘာ ၃ ရက်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် မ တွေ့ဆုံမီတစ်ရက်အလို ဒီဇင်ဘာ ၁ ရက်ကလည်း သူရဦးရွှေမန်းနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေး နွေးခဲ့ပြီး ယခုတွေ့ဆုံဆွေးနွေးမှု များအပြီး ဒီဇင်ဘာ ၃ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်း၌ ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပြီး (၁၃) ကြိမ်မြောက်ပုံမှန်လွှတ်တော်အ စည်းအဝေးများ ပြန်လည်ကျင်းပ ချိန်တွင် လွှတ်တော်နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ မကြာခဏတွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ကာ ရွေးကောက်ပွဲအ ပြီး ခုနစ်ကြိမ်မြောက်တွေ့ဆုံမှု လည်းဖြစ်သည်။
ထိုကဲ့သို့ ၎င်းတို့နှစ်ဦး မကြာ ခဏတွေ့ဆုံခြင်းသည် ကောင်း သောလက္ခဏာဖြစ်ပြီး သူရဦးရွှေ မန်းသည် ယခင်အစိုးရလက်ထက် က တပ်မတော်တွင် တတိယ အကြီးဆုံးဟုဆိုရမည့်ရာထူး၌ တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သဖြင့်တပ်မတော်နှင့် ပတ်သက်သည့် ကိစ္စရပ်များ နားလည်ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အကြံဉာဏ်များကိုရယူဆောင်ရွက်နေခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။
‘‘ဒီလိုတွေ့တယ်ဆိုတာ တော့ တိုင်ပင်တာပေါ့။ သူတို့နှစ် ယောက်က အရမ်းရင်းနှီးတဲ့ဆက် ဆံရေးရှိတယ်။ မနေ့က ဆွေးနွေး ချက်တွေကို ဦးရွှေမန်းကို ပြန် ပြောတဲ့သဘောပေါ့။ ဘာဖြစ်လို့ လဲဆိုတော့ ဦးရွှေမန်းက ဟိုဘက် ကအဖွဲ့ဝင်တွေရဲ့ အကြောင်း တွေ စိတ်နေစိတ်ထားကို ပိုသိ တယ်လေ။ နောက်အစိုးရလက် ထက်မှာလည်း ဦးရွှေမန်းကို တာဝန်တစ်ခုခုပေးလိမ့်မယ်ထင် တယ်’’ဟု ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
‘‘နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချော မွေ့စွာတာဝန်လွှဲပြောင်းနိုင်ဖို့၊ ပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိဖို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင် မယ့် ကိစ္စတွေကို ပွင့်ပွင့်လင်း လင်းပဲဆွေးနွေးခဲ့ပါတယ်။ နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ အခါမှာ အရင်တုန်းက အစဉ်အ လာမရှိခဲ့သေးတဲ့ နိုင်ငံတော်အ ကြီးအကဲတာဝန်ကို စနစ်တကျ လွှဲပြောင်းထူထောင်ပေးဖို့ ကျွန် တော်တို့ဆွေးနွေးခဲ့ပါတယ်’’ဟု နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး မှုကို ပြည်ထောင်စုဝန်ကြီးဦးရဲ ထွဋ်က ပြောကြားထားသည်။
ထု့ိပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာ တွင်လည်း လူထု၏ဆန္ဒကို အ လေးထား၍ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် နှစ် ဖက်ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရန် သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
‘‘မနေ့ကတွေ့တဲ့ကိစ္စမှာ သ တင်းထုတ်ပြန်ချက်တွေကို ကြည့် ရင် အကုန်အပြည့်အစုံမဟုတ်ဘူး လို့ထင်တယ်။ တခြားအရေးကြီး ကိစ္စရပ်တွေရှိနိုင်သေးတယ်လေ’’ ဟု ဦးရဲထွန်းက ပြောသည်။ အ ထွေထွေရွေးကောက်ပွဲများအပြီး NLD အနိုင်ရလဒ်များထွက်ပေါ်ပြီး နောက် နိုဝင်ဘာ ၁၅ ရက်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦးရွှေမန်းတို့ ပထမဆုံးတွေ့ဆုံခဲ့ ပြီး လေးရက်အကြာနိုဝင်ဘာ ၁၉ ရက်တွင် ရွေးကောက်ပွဲရလဒ် အ ကောင်အထည်ဖော်ရေး တရား ဝင်တွေ့ဆုံမှုကို သူရဦးရွှေမန်းက လက်ခံတွေ့ဆုံခြင်းဖြင့် စတင်ခဲ့ သည်။ ထိုသို့တွေ့ဆုံခဲ့သည့် နောက်ပိုင်းတွင်လည်း နှစ်ကြိမ် တွေ့ဆုံခဲ့ကာ နိုဝင်ဘာ ၃၀နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် နှစ်ရက် ဆက်တိုက်တွေ့ဆုံပြီး ယခုကဲ့သို့ ထပ်မံတွေ့ဆုံခြင်းဖြင့် ရွေးကောက် ပွဲအပြီး ခုနစ်ကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။