ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ သည့် ဒီချုပ်ကိုယ်စားလှယ်ကို ရှမ်းမဟုတ်ဟုဆို၍ SNLD ကိုယ်စားလှယ် ကန့်ကွက်

မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသား လူ မျိုး မဲဆန္ဒနယ်မြေတွင် အနိုင်ရခဲ့ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်းကို ရှမ်းလူမျိုးမဟုတ်ဟုဆိုကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ (SNLD) ကိုယ်စားလှယ်လောင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းထားကြောင်း သတင်းရရှိသည်။
ဒီချုပ်ပါတီ ကိုယ်စားလှယ်လောင်းသည် ရှမ်းတိုင်းရင်းသားလူမျိုး မဟုတ်သည့်အတွက် ကန့်ကွက်လွှာ တင်သွင်းခြင်းဖြစ်ကြောင်း SNLD ပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူးဦးစိုင်းဆိုင်လင်းက ပြောသည်။

‘‘မှတ်ပုံတင်ထဲမှာလည်း ဗမာဆိုပြီးတော့ပဲ ပါတယ်။ ကျွန်တော်တို့သိရသလောက် ဘိုးစဉ်ဘောင်ဆက်မှာလည်း ရှမ်းဆိုတာမပါဘူး။ ပြီးတော့ရှမ်းတိုင်းရင်းသား လူမှုရေးအ သင်းအဖွဲ့တွေမှာလည်း ပါဝင်လုပ်ဆောင်တာမျိုး မရှိဘူး။ ရှမ်းတိုင်းရင်းသားမဟုတ်သူတစ်ဦးက ရွေးကောက်ပွဲမှာ အနိုင်ရပြီး ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်လာမှာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနစ်နာမှု မရှိအောင် ကော်မရှင်ဥပဒေနဲ့အညီ ကန့်ကွက်လွှာတင်ထားတာ ဖြစ်ပါတယ်’’ဟု ဦးစိုင်းဆိုင်လင်းက ပြောသည်။

ယင်းကန့်ကွက်လွှာကို ဇန်နဝါရီ ၁၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံအဖွဲ့က ပထမဆုံးအကြိမ် နှစ်ဖက်ခေါ်ယူ စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်ကျော်စိုးက ပြောသည်။

ရှမ်းတိုင်းရင်းသား လူမျိုး မဟုတ်ခြင်းနှင့် ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တွင် ကိုယ်တိုင် မဲပေးခွင့်မရဘဲ ရှမ်းတိုင်းရင်းသား လူမျိုးအဖြစ် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခြင်းဟူသည့် အချက်နှစ်ချက်ဖြင့် ကန့်ကွက် ခံထားရပြီး အကောင်းဆုံးပြန် လည် တုံ့ပြန်ဖြေရှင်းရန် စီစဉ် ထားကြောင်း ကန့်ကွက်ခံထား ရသည့် ဒီချုပ်ပါတီ မန္တလေးတိုင်း ဒေသကြီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ရှမ်းတိုင်းရင်းသား မဟုတ် ဘူးဆိုပြီး ကန့်ကွက်ထားတာ။ သူ တို့က အစောပိုင်းဖြစ်ရပ်တွေပဲ သိပြီး နောက်ပိုင်းမှာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က Pass ပေးထားတာကို မသိလိုက် ဘူးဖြစ်သွားလို့ ကန့်ကွက်တာ ထင်ပါတယ်’’ဟု ဒီချုပ်ပါတီ မန္တလေးတိုင်းဒေသကြီးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ကန့်ကွက်လွှာတင်သွင်းခံရ သည့် ဒီချုပ်ပါတီ ကိုယ်စားလှယ် လောင်းမှာ ရွေးကောက်ပွဲမတိုင် မီ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းစဉ်က ရှမ်းတိုင်း ရင်းသားလူမျိုး မဟုတ်ဟုဆိုကာ တိုင်းကော်မရှင်က ပယ်ချခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အယူခံဆက်တက် ရာတွင် အနိုင်ရခဲ့ပြီး ကော်မရှင်က ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင် ကာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူ မျိုးမဲဆန္ဒနယ်မြေတွင် ဒီချုပ်၊ SNLD ၊ ပြည်ခိုင်ဖြိုး၊ ကျားဖြူပါ တီနှင့် တိုင်းလိုင်(ရှမ်းနီ)ပါတီ စသည့်ပါတီ ငါးခုမှ ကိုယ်စား လှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒီချုပ်ပါတီကိုယ်စားလှယ်က အနိုင်ရရှိခဲ့သည်။

Source: 

7 Day Daily