ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အား ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ – ဂျွန်ချစ်ငြိမ်း)
ဒုတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ဥ က္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီကိုယ် စားပြု ကျိုင်းတုံမဲဆန္ဒနယ်အမှတ် (၁)မှ ဦးစိုင်းလုံးဆိုင်ပင် ထပ်မံ ရွေးချယ်ခံခဲ့ရသည်။
လွှတ်တော်ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းလုံးဆိုင် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်ကိုယ်စားပြုမူဆယ် အမှတ်(၁)မဲဆန္ဒနယ်မှ ဦးစိုင်း ကျော်သိန်းတို့အား ကိုယ်စားလှယ် များက အသီးသီးအဆိုတင်သွင်း ခဲ့ရာ တစ်ဦးထက်ပိုနေသဖြင့် မဲခွဲ ဆုံးဖြတ်ရာတွင် အထက်ပါအ တိုင်း အဖြေပေါ်ထွက်ခဲ့ခြင်းဖြစ် သည်။
ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စား ပြု ရွေးချယ်ခံရသည့် လွှတ်တော် ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်သည်ပထမ အကြိမ်ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပစဉ်က လည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ဒုတိ ယအကြိမ်မြောက်ပြန်လည်ရွေး ချယ်ခံရခြင်းဖြစ်သည်။
မဲခွဲဆုံးဖြတ်ချက်အရ ပြည် ခိုင်ဖြိုးပါတီကိုယ်စားပြုဦးစိုင်းလုံး ဆိုင်က ဆန္ဒမဲပေါင်း ၈၈မဲဖြင့် အ နိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်း ကျော်သိန်းက ဆန္ဒမဲပေါင်း ၄၈မဲ ရရှိပြီး ရှုံးနိမ့်သွားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်လွှတ်တော် တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၂ဦးနှင့် တပ်မတော်သားကိုယ် စားလှယ် ၃၄ဦးရှိသည်အတွက်စု စုပေါင်းမဲပေးပိုင်ခွင့်ရှိသူ ၁၃၆ဦး ရှိသည်။
လွှတ်တော်ဥက္ကဋ္ဌရွေးချယ် ရာတွင် အချိန် နှစ်နာရီကျော်ကြာ အကြိတ်အနယ်မဲခွဲဆုံးဖြတ်ခဲ့ရ သည်။ ရှမ်းပြည်နယ်လွှတ်တော် တွင် ပြည်ခိုင်ဖြိုးပါတီ ၃၂ဦး၊ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ၂၄ဦး၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ၂၁ဦး၊ တ အာင်း(ပလောင်)အမျိုးသားပါ တီ ခုနစ်ဦး၊ ပအိုဝ်းအမျိုးသားအ ဖွဲ့ချုပ်ပါတီခြောက်ဦး၊ ‘၀’ဒီမိုက ရက်တစ်ပါတီ တစ်ဦး၊ ‘၀’အမျိုး သားစည်းလုံးညီညွတ်ရေးပါတီ တစ်ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီတစ်ဦး၊ ကိုး ကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါ တီတစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတစ်ဦး၊ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ၃၄ဦးတက်ရောက်နေခြင်း ဖြစ်သည်။
အလားတူ ရှမ်းပြည်နယ် လွှတ်တော်သဘာပတိအဖြစ်အ ဆိုတင်သွင်းရာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကလေးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးညွန့်လွင်နှင့် ပြည်ခိုင်ဖြိုးပါတီလောက်ကိုင်မဲ ဆန္ဒနယ်မှ ဦးအောင်သန်းထွဋ်တို့ နှစ်ဦးအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က အဆိုပြုတင် သွင်းခဲ့ပြီး တစ်ဦးထက်ပိုနေသဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။ မဲခွဲဆုံးဖြတ် ချက်အရ ပြည်ခိုင်ဖြိုးပါတီ လောက်ကိုင်မဲဆန္ဒနယ်မှ ဦး အောင်သန်းထွဋ်က ထောက်ခံမဲ ၈၃မဲဖြင့် ရှမ်းပြည်နယ်လွှတ်တော် သဘာပတိအဖြစ် ရွေးချယ်ခံရ သည်။