သမ္မတတာဝန်လွှဲပြောင်းမည့် အစီအစဉ် လျာထား ချက် အစိုးရက ဒီချုပ်ကိုရှင်းပြ

လက်ရှိအစိုးရကိုယ်စားလှယ်များနှင့် ဒီချုပ်ပါတီ၏ အသွင်ကူးပြောင်းရေးကော်မတီဝင်များ ဇန်နဝါရီ၂၆ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်)

နိုင်ငံတော်အကြီး အကဲတာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေးအတွက် အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အသွင် ကူးပြောင်းရေးကော်မတီတို့ ဇန်န ဝါရီ ၂၆ ရက်တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစိုးရဖွဲ့စည်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး နောက်တစ်ရက်တွင် အာဏာလွှဲပြောင်းရေးနှင့် ပတ် သက်၍ ကော်မတီနှစ်ခု ဒုတိယအ ကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့တွေ့ဆုံမှုမှာ နိုင်ငံ တော်အကြီးအကဲ တာဝန်လွှဲ ပြောင်းတဲ့ အခမ်းအနားအစီအစဉ် လျာထားချက်တွေကို ကျွန်တော် တို့က ရှင်းပြတယ်။ ဒါကို သူတို့ ဘက်က မှတ်သားသွားပြီးနောက် မှာ သူတို့ရဲ့သဘောထား ပြန်ပြော မှာပေါ့’’ဟု သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။

အခမ်းအနားကို သမ္မတအိမ် တော်၌ ပြုလုပ်မည် ဖြစ်သော် လည်း အစီအစဉ် လျာထားချက် ကို 7Day Daily က မေးမြန်းရာ ဦးရဲထွဋ်က ဖြေကြားခဲ့ခြင်း မရှိ ပေ။

ထို့ပြင် တွေ့ဆုံမှုတွင် ဝန် ကြီးဌာနအချို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းများအကြောင်း ဒီချုပ် ကော်မတီဘက်က မေးမြန်းခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း ဦးရဲထွဋ်က ပြောသည်။

ထို့ပြင် အစိုးရသစ် စတင် တာဝန်ယူမည့်နေ့တွင် သတင်း ထုတ်ပြန်ရမည့်ကိစ္စများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ဒီချုပ် ကော်မတီဝင်များအား ရှင်းပြခဲ့ သည်။

‘‘ပြန်ကြားရေးဝန်ကြီးဌာန ထားသည်ဖြစ်စေ၊ မထားသည် ဖြစ်စေ၊ နောက်အစိုးရတာဝန်စယူ ပြီဆိုတာနဲ့ ပထမဆုံးလုပ်ရမှာက အဲဒီနေ့ညနဲ့ နောက်တစ်နေ့မနက် မှာ သတင်းထုတ်ပြန်ရမှာကိုးဗျ။ ဒါကြောင့် သူတို့သိသင့်တာလေး တွေ သီးခြားရှင်းပြခဲ့တယ်’’ဟု ဦး ရဲထွဋ်က ပြောသည်။

ကော်မတီနှစ်ခုသည် ဖေ ဖော်ဝါရီတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲတာ ဝန်နှင့် အစိုးရတာဝန်လွှဲပြောင်း ရေးအတွက် အစိုးရကိုယ်စား လှယ်အဖွဲ့ကို ပြည်ထောင်စုဝန် ကြီး ဦးလှထွန်း ဦးဆောင်ပြီး သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ပါဝင်ဖွဲ့စည်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဘက်တွင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်(အငြိမ်း စား)ဒေါက်တာအောင်သူတို့ဖြင့် ဖွဲ့စည်းထားသည်။

Source: 

7 Day Daily