ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စား လှယ်အသစ်များကို လွှတ်တော် အတွေ့အကြုံရရှိစေရန် ကျင်းပဆဲ လွှတ်တော်အစည်းအဝေးသို့ တစ်ပတ်ခန့်လာရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။
ကျင်းပဆဲ အမျိုးသားလွှတ် တော်၊ ပြည်သူလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့ သည် ယခုလ(ဇန်နဝါရီ) ၃၁ ရက် တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ကာလအတွင်း ဇန်နဝါရီ ၂၆ ရက်မှစကာ လွှတ်တော်ကိုယ်စားလှယ်အသစ်များက လွှတ်တော် အစည်းအဝေးကျင်းပခြင်းနှင့် လွှတ်တော်လုပ်ငန်းစဉ်များကို လေ့လာခွင့်ရမည် ဖြစ်သည်။
‘‘အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်အသစ်တွေအနေ နဲ့ လွှတ်တော်အတွေ့အကြုံရဖို့ ဒီလ ၂၆ ရက်ကစပြီး လာပြီးလေ့ လာသူအနေနဲ့ လေ့လာဖို့ကိုခေါ် ထားတယ်’’ဟု ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်း ပူးပေါင်းကော် မတီအတွင်းရေးမှူး ဦးစောလှ ထွန်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် အသစ်များသည် လွှတ်တော်အ စည်းအဝေးကျင်းပခြင်း၊ လွှတ် တော်ကော်မတီများ၏ လုပ်ငန်း ဆောင်တာများ၊ ဥပဒေပြုရေး လုပ်ငန်းများကို ဇန်နဝါရီ ၂၆ ရက် (အင်္ဂါ)မှ ၂၉ ရက်(သောကြာ) အထိ လေးရက်ကြာ လေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း ဦးစောလှ ထွန်းထံမှ သိရသည်။
ရွေးကောက်ပွဲအနိုင်ရ လွှတ် တော်ကိုယ်စားလှယ်များ တက်ရ မည့် လွှတ်တော်အသစ်ဖြစ်သော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ကို လာမည့်ဖေ ဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကာ လွှတ်တော် အသစ်ကို တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအ နေဖြင့် ဇန်နဝါရီ ၂၅ ရက်တွင် သတင်းပို့ကြရန် သက်ဆိုင်ရာ လွှတ်တော်ရုံးများက ထုတ်ပြန် ထားကြသည်။
ယင်းသို့ ကျင်းပဆဲလွှတ် တော်ကို လေ့လာခွင့်ပြုခြင်းသည် လာမည့် လွှတ်တော်အသစ်တက် ရောက်မည့် လွှတ်တော်ကိုယ်စား လှယ်များအတွက် ဥပဒေပြုရေး အတွက် အတွေ့အကြုံရစေပြီး လွှတ်တော်သက်တမ်းကာလအ တွင်း မပြီးပြတ်သေးသည့် ဥပဒေ ကြမ်းများကိုလည်း သိရှိနိုင်မည် ဖြစ်သည်ဟု လွှတ်တော်အသစ် ကိုတက်ရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြော သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် က ကျင်းပသော ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိထားပြီး ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၏ ၈၀ ရာခိုင်နှုန်ခန့် အနိုင်ရထား သည်။