၂၀၁၅ ရွေးကောက်ပွဲ
သက်တမ်းတစ်လျှောက်တွင် လွှတ်တော် အမတ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခွင့်(Recall Law)ဥပဒေ မပြဋ္ဌာန်းနိုင်ခဲ့ခြင်းအပေါ် အားမရဆုံးဖြစ်ရပ် အဖြစ်ခံစားရကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
သမ္မတရွေးချယ် တင်မြှောက်ရေးလုပ်ငန်းစဉ်ဖြစ် သည့် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့်လွှတ်တော်ကိုယ် စားလှယ်များအစုအဖွဲ့၏အစည်း အဝေးစတင်မည့်ရက် ပြောင်းလဲ သတ်မှတ်ခြင်းကို ယနေ့(မတ်လ ၁ ရက်)တွင် ပြည်ထောင်စုလွှတ် တော်၌ ကြေညာမည်ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု လေးဆယ် ကျော်ရှိသည့်အနက် ထက်ဝက် ကို နောက်တက်လာမည့် ရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြော သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးတာ ဝန်ယူရန်ဖြစ်နိုင်ဖွယ်အရှိဆုံးဖြစ် ကြောင်း မြန်မာ့အရေးလေ့လာသူ လယ်ရီဂျေဂင်က NLDသတင်း ရင်းမြစ်အား ကိုးကား၍ သုံးသပ် ဆောင်းပါးရေးသားထားသည်။
လွှတ်တော်တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းလုပ်ငန်းစဉ် မစ တင်မီ နှစ်ပတ်သာလိုတော့သည့် အချိန်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် များပါဝင်သော ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် နေ ပြည်တော်၌ ကျင်းပခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းရန် ပျက်ကွက် သည့်ကိုယ်စားလှယ်လောင်း ၁၆၀ဦးနှင့် ရွေးကောက်ပွဲကိုယ်စား လှယ် ၂၄ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးပြီးနောက် အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာ လိုက်သည်။
နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှုအထောက်အ ကူပြုကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူး ပြောင်းရေးအဖွဲ့အကြား တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအ မှတ် (၁၈)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မတ်လ ၃၀ ရက်တွင် အခမ်းအနားကျင်းပရန် သဘော တ
ပြီးခဲ့သည့် ရွေးကောက် ပွဲတွင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၏ လုပ်ဆောင်ချက် မှားယွင်းမှုအချို့ရှိခဲ့ကြောင်း ရွေး ကောက်ပွဲအပြီး နှစ်လခွဲကျော်အ ကြာတွင် ထွက်ပေါ်လာသော PACE အဖွဲ့၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုအပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲနှင့်ပတ် သက်၍ ပြန်လည်သုံးသပ်ချက် ပြု လုပ်ရန် ယခုလကုန်၌တွေ့ဆုံမည် ဖြစ်ကြောင်းသတင်းရရှိသည်။
နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေး အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အသွင်ကူး ပြောင်းရေးကော်မတီတို့သည် ဖေဖော်ဝါရီ ၂၄ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် တတိယအကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်း ရရှိသည်။