ကျွန်ုပ်တို့ မည်သူများဖြစ်သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲအရင်းအမြစ်နှင့် သတင်းအချက်အလက်ကွန်ယက် (MERIN)  သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အထောက်အကူပြုပစ္စည်းများဖြစ်သည့် သင်တန်းအရင်းအမြစ်များ၊ စစ်တမ်းအချက်အလက်များ၊ စောင့်ကြည့်လေ့လာသူအစီရင်ခံစာများ၊ ရွေးကောက်ပွဲဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပုံများ နှင့် ထိုထက်ပိုမိုသော သတင်းအချက်အလက်များကို မှတ်တမ်းတင်စာရင်းပြုစုထားသော ကွန်ယက်တစ်ခုဖြစ်သည်။ MERIN သည်  မြန်မာနိုင်ငံ၏ ဆန္ဒမဲပေးသူများနှင့် သုတေသီများအတွက် ဒီမိုကရေစီလုပ်ငန်းစဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိရှိ  ရယူနိုင်စေရန် ဖန်တီးထားသော ဘက်လက်မှုမရှိသည့်ပလက်ဖောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် MERIN ကို ရွေးကောက်ပွဲစနစ်များအတွက် နိုင်ငံတကာဖောင်ဒေးရှင်း (International Foundation for Electoral Systems-IFES) မှ ပြုလုပ်ဖွင့်လှစ်ထားသည်။ ဤအစီအစဉ်ကို ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌါန (DFID) ၊ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌါန (DFAT) နှင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) တို့မှ  ရန်ပုံငွေ ထောက်ပံ့ကူညီ ပေးထားပါသည်။ 

IFES သည် ဝါရှင်တန်ဒီစီတွင် အခြေစိုက်ထားသည့် လွတ်လပ်ပြီး တရားမျှတသော နိုင်ငံသားများ၏ အခွင့်အရေးတစ်ခုဖြစ်သော ရွေးကောက်ပွဲတွင် ပါဝင်နိုင်မှုကို ထောက်ပံ့အားပေးသော လွတ်လပ်ပြီး အမြတ်အစွန်းမယူသည့် အစိုးရမဟုတ်သော တကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လွတ်လပ်ပြီး ဘက်မလိုက်သည့် ကျွမ်းကျင်မှုများသည် ရွေးကောက်ပွဲစနစ်များကို အားကောင်းလာစေပြီး ရွေးကောက်ပွဲဆိုင်ရာအရာရှိများအား နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ကိုယ်စားပြုပါဝင်နေသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ရွေးကောက်ပွဲစက်ဝန်း တိုးတက်စေဖို့ ကွင်းဆင်းသုတေသနများကို ကောက်ယူခြင်း စသည်တို့ကို လုပ်ဆောင်ကာ ဒေသခံလူထုများ၏ အရည်အသွေးကို မြှင့်တင်ပေးပါသည်။