ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်သည် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အ ဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းမည် ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များအဖြစ် ထမ်းဆောင်ရန် သြဂုတ် ၈ ရက်အထိ ဆန္ဒပြုလွှာ ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
ဆန္ဒပြုလွှာများကို ဇွန်လ ၂၁ ရက်အထိ နောက်ဆုံးထားပေးပို့ ရန် ကြေညာထားသော်လည်း ယခုအခါ သြဂုတ် ၈ ရက်အထိ ရက်တိုး သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က သတင်းထုတ်ပြန်သည်။
မေလ ၃၀ ရက်မှ ဇွန်လ ၂၁ ရက်အထိ အဆိုပြုလွှာများခေါ်ယူ ခဲ့သော်လည်း အဆိုပြုသူနည်းပါး ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအတွက် အဆိုပြုလျှောက် ထားသူ ၉၇ ဦး၊ နေပြည်တော် ကောင်စီနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွက် အဆိုပြု လျှောက်ထားသူ ခုနစ်ဦး၊ မန္တလေး ခရိုင် အောင်မြေသာစံမြို့နယ် ရွေး ကောက်ပွဲကော်မရှင်တွင် တာဝန် ထမ်းဆောင်ရန် အဆိုပြုလျှောက် ထားသူ တစ်ဦးသာရှိကြောင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များ၊ ပြည်ထောင်စုနယ်မြေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ နှင့် မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲများ၌ တာဝန်ထမ်း ဆောင်လိုသူများအနေဖြင့် ဆန္ဒ ပြုလွှာ ပေးပို့ရမည် ဖြစ်သည်။
ဇူလိုင် ၂၀ ရက်က ရန်ကုန် မြို့တွင်ကျင်းပခဲ့သည့် ကျား၊မတန်းတူညီမျှမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အနာဂတ် ဆောင်ရွက်ချက်များအ တွက် အကြံပြုဆွေးနွေးပွဲ၌ အကြံပြုချက်အရ ရက်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဇူလိုင်၂၄ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲအဆင့်ဆင့် ခန့်အပ်ရာတွင် လစာစရိတ် ချီးမြှင့်မည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ညွှန်ကြားရေး မှူးအဆင့်၊ အဖွဲ့ဝင်က ဒုညွှန်မှူး အဆင့်နှင့် ခရိုင်၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အ ဖွဲ့ဝင်များက ဒုညွှန်မှူး၊ လက်ညွှန်၊ ဦးစီးအရာရှိအဆင့် စသည်ဖြင့် လစာချီးမြှင့်ငွေများ ပေးအပ်ဖွယ် ရှိသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် တာဝန်ရှိသူ များက ပြောသည်။