လွှတ်တော်တွင်း ရှိ လွှတ်တော်ကိုယ်စားလှယ်များ ပါတီရေးရာလုပ်ငန်းများ ဆွေးနွေးနိုင်ရန် လွှတ်တော်အဆောက်အအုံအတွင်း သက်ဆိုင်ရာပါတီအလိုက် ရုံးခန်းများ စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။
လွှတ်တော်ကိုယ်စားလှယ် များ လွှတ်တော်အစည်းအဝေး မစတင်မီတွင်လည်းကောင်း၊ လွှတ်တော်အစည်းအဝေး ခေတ္တရပ် နားချိန်များတွင်လည်းကောင်း ပါတီရေးရာကိစ္စရပ်များကို ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပါတီအလိုက် ရုံးခန်းများ စီစဉ်ပေးထားခြင်းဖြစ် သည်ဟု လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။
‘‘လွှတ်တော်ထဲမှာ ပါတီကို ကိုယ်စားပြုပြီး တင်ပြဆွေးနွေး မယ့် အကြောင်းအရာကို လွှတ်တော်ကို မတင်ပြမီ ကိုယ့်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ သီးသန့်စုဝေးပြီး တိုင်ပင်နိုင်အောင် လုပ်ပေးထားတာ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။
ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် အစည်းအဝေးများ တွင် လွှတ်တော်တွင်းရှိ နိုင်ငံရေး ပါတီများအတွက် ရုံးခန်းများထား ရှိပေးရန် စီစဉ်ခဲ့သော်လည်း အ ကောင်အထည် မဖော်ပေးနိုင်ခဲ့ ကြောင်း၊ ယခုဒုတိယအကြိမ်အ စည်းအဝေးတွင်မှ အကောင်အ ထည် ဖော်နိုင်ခဲ့ကြောင်း ပထမအကြိမ် လွှတ်တော်အစည်းအဝေး အတွေ့အကြုံရှိခဲ့သူ ဦးစိုင်းသီဟ ကျော်က ဆိုသည်။
လက်ရှိ ကျင်းပနေသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် နိုင်ငံရေးပါတီ ၁၃ ခုရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုရရှိထားသည်။
နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အ မျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်၊ တ အာင်း (ပလောင်) အမျိုးသား ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ ဇိုမီးဒီမိုကရေစီအ ဖွဲ့ချုပ်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ‘၀’ ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ် များရှိနေသည်။