ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲနှင့်ပတ် သက်၍ ပြန်လည်သုံးသပ်ချက် ပြု လုပ်ရန် ယခုလကုန်၌တွေ့ဆုံမည် ဖြစ်ကြောင်းသတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲပြီး သည့်နောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ ပထမဆုံးအကြိမ် တွေ့ ဆုံခြင်းဖြစ်ပြီး ပါ့ခ်ရွိုင်ရယ်ဟို တယ်၌ ဖေဖော်ဝါရီ ၂၉ ရက်နှင့် မတ်လ ၁ ရက်တို့တွင် ပြုလုပ်မည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။
‘‘ရွေးကောက်ပွဲတစ်ခုလုံး ပြန်လည်သုံးသပ်မှု ပြုလုပ်မှာပါ။ နိုင်ငံရေးပါတီတွေလည်း တွေ့ရှိ ချက်တင်ပြတာရှိရင် တင်ပြပေါ့။ အဓိကကတော့ နောက်တက်လာ မယ့် ကော်မရှင်အသစ်ကို ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ တွေ့ရှိ ချက်၊ လုပ်ဆောင်ချက်တွေ စနစ် တကျ လွှဲပြောင်းပေးနိုင်ဖို့ဖြစ်ပါ တယ်’’ဟု ဦးသောင်းလှိုင်ကပြော သည်။ ယင်းတွေ့ဆုံပွဲတွင် ရွေး ကောက်ပွဲတွေ့ရှိချက် အစီရင်ခံ စာထုတ်ပြန်ခြင်း၊ အရပ်ဘက်အ ဖွဲ့အစည်းများ၏ ရွေးကောက်ပွဲ စောင့်ကြည့်ချက်မှ တွေ့ရှိချက်များ တင်ပြခြင်း စသည့်အစီအစဉ်များ ထည့်သွင်းထားကာ နိုင်ငံရေး ပါတီများက ခေါင်းစဉ်တစ်ခုချင်း အလိုက် ဆွေးနွေးမည်ဟုသိရ ကြောင်းခေတ်သစ်ပြည်ထောင်စု ပါတီဥက္ကဋ္ဌ ဦးအောင်သန်းက ပြောသည်။
‘‘ကျွန်တော့်အနေနဲ့ကတော့ ကော်မရှင်ရဲ့ အားနည်းချက်တွေ ဖြစ်တဲ့ မြို့နယ်၊ ရပ်ကျေးကော်မ ရှင်တွေကို ချိတ်ဆက်လုပ်ဆောင် မှု လိုအပ်ချက်တွေရှိတာလေး ဆွေးနွေးဖို့ရှိတယ်’’ဟု ၎င်းက ပြောသည်။ ယခုတွေ့ဆုံမှုသည်ရွေးကောက်ပွဲအပြီး ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုဖြစ်သကဲ့သို့ လက်ရှိအစိုးရသက်တမ်း အတွင်းနောက်ဆုံးတွေ့ဆုံမှု လည်း ဖြစ်နိုင်သည်ဟုဆိုသည်။
‘‘နောက်ဆုံးတွေ့တယ်လို့ ယူဆချင် ယူဆလို့လည်းရတယ်။ ဒါပေမဲ့ နိုင်ငံခြားအဖွဲ့အစည်း တွေက ပါဝင်ကူညီမှုတွေလည်းရှိ ထားတော့ ရွေးကောက်ပွဲနဲ့ပတ် သက်လို့ အကြောင်းတစ်ခုခုရှိ လာရင် သက်တမ်းမကုန်မီ ကြား ကာလမှာ တွေ့ဆုံမှုဆက်ရှိရင် လည်းရှိနိုင်သေးတယ်’’ဟု ဦး သောင်းလှိုင်ကပြောသည်။