ပြည်ထောင်စု၀န် ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ က တင်သွင်းသည့် ဒေါ်အောငဆန်းစုကြည်အပါအ၀င် ၀န်ကြီး လောင်း ၁၈ ဦး၏ အမည်စာရင်း များကို ကန့်ကွက်သူမရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း သတင်းရရှိ သည်။
အဆိုပါ ပြည်ထောင်စု၀န် ကြီးလောင်း ၁၈ ဦး၏ အမည်စာ ရင်းကို လွှတ်တော်တွင်တင်ပြခဲ့ ပြီးနောက် ကန့်ကွက်လိုသူရှိပါက အထောက်အထားနှင့်တကွ ကန့် ကွက်ကြောင်းတင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သော်လည်း ကန့်ကွက် သူမရှိသဖြင့် မတ်လ ၂၄ ရက်၌ ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ် သည်။
ထိုသို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသဖြင့် အမည် စာရင်းတင်သွင်းခံရသူများသည် ပြည်ထောင်စု၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ ကျမ်းကျိန်သည့်နေ့မှစ၍ စတင်ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။
အခြေခံဥပဒေအရ ပြည်ထောင်စု၀န်ကြီး တာ၀န် ထမ်းဆောင်ရတော့မည့် ပုဂ္ဂိုလ်များအနက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးသည် သက်ဆိုင်ရာ၀န်ကြီးတာ၀န်များ စတင်ထမ်းဆောင်သည့်နေ့တွင်သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များအဖြစ်မှ အလိုအလျောက် နုတ်ထွက်ပြီးဖြစ်သည်။
လွှတ်တော်မှ အတည်ပြု လိုက်သည့် ပြည်ထောင်စု၀န်ကြီး များအနက် အင်န်အယ်လ်ဒီပါတီ ၀င် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သော ဒေါက်တာသန်း မြင့်နှင့် ဦးကျော်၀င်းတို့နှစ်ဦးသည် ၎င်းတို့ရရှိထားသည့် Ph.D ဘွဲ့ များမှာ အတုများဖြစ်နေကြောင်း ေ၀ဖန်မှုများထွက်ပေါ်ခဲ့သည်။
‘‘နောင်ဆောင်ရွက်မယ့်လုပ်ငန်းတွေက အရည်အသွေးနဲ့ ပြည့်စုံဖို့။ နိုင်ငံတော်က လိုအပ်တဲ့ ကိစ္စ၊ မြန်မြန်လိုတဲ့ဟာကို မြန်မြန် ဆောင်ရွက်ဖို့၊ ရေရှည်လုပ်ရမယ့် ဟာလည်း ရေရှည်ဆောင်ရွက်ရ မှာပေါ့။ တစ်နိုင်ငံလုံးသာတူညီမျှ ဆိုတဲ့ ပေါ်လစီလည်းရှိပါတယ်။ တစ်နေရာတည်း ကောင်းနေဖို့မ ဟုတ်ပါဘူး။ ဆောက်လုပ်ရေး ကဏ္ဍကို အရည်အသွေးကောင်း အောင်လုပ်ရမှာပေါ့’’ဟု ဆောက် လုပ်ရေး၀န်ကြီးဌာန ပြည်ထောင် စု၀န်ကြီး တာ၀န်လွဲပြောင်းထမ်း ဆောင်ရမည့်ဦး၀င်းခိုင်က ပြော သည်။
လက်ရှိ အစိုးရသက်တမ်း သည် မတ်လ ၃၀ ရက်တွင် သက် တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ယင်း နေ့တွင် နိုင်ငံတော်သမ္မတက တာ ၀န်လွဲပြောင်းမှုများ
လုပ်ဆောင် ရန် စီစဉ်ထားသည်ဟု သိရှိရပြီး မတ်လ ၃၁ ရက်၌ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတများအဖြစ် ရွေး ချယ်တင်မြောက်ခံရသူများသည် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတသစ်က နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမည်ဖြစ်သည်။
အစိုးရအဖွဲ့ ခေါင်းဆောင် များ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နိုင်ငံတော်သမ္မတအဖြစ် ရွှေးချယ်တင်မြောက်ခံရသူ ဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့က တာ၀န်များ စတင်ထမ်းဆောင်ရတော့မည်ဖြစ်သည်။