သမ္မတကို မဲပေးရွေးချယ်ရာ၌ ပယ်မဲအမျိုးအစား ခုနစ်မျိုးရှိ

နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်၌ လျှို့ဝှက်မဲဖြင့် မဲပေးရွေးချယ်ရာတွင် ပယ်မဲဟု သတ်မှတ်နိုင်သည့် အခြေအနေ ခုနစ်မျိုးရှိကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ နည်းဥပဒေ၌ ဖော်ပြပါရှိသည်။
မဲပုံးထဲသို့ မထည့်ဘဲ မဲပုံး ပြင်ပတွင်ထားခဲ့သော ဆန္ဒမဲလက် မှတ်၊ သမ္မတလောင်း တစ်ဦး ထက်ပို၍ ထောက်ခံထားသည့် ဆန္ဒမဲလက်မှတ်၊ မည်သူ့ကိုမျှ မဲ မပေးထားသောဆန္ဒမဲလက်မှတ် များကို ပယ်မဲအဖြစ် သတ်မှတ်သည်။ ထို့ပြင် အမှန်အမှတ်အသား (√) နှင့် ကြက်ခြေခတ်အမှတ်အသား (×) အမှတ်အသားမှအပ အခြားအမှတ်အသားပြုလုပ်ထား သည့် ဆန္ဒမဲလက်မှတ်၊ မည်သူ့ကို ဆန္ဒပြုထားကြောင်း မသိနိုင်သည့် ဆန္ဒမဲလက်မှတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ချုပ် ကိုယ်တိုင် လက်မှတ်ရေးထိုးထား ခြင်းမရှိသည့် ဆန္ဒမဲလက်မှတ်နှင့် အတုပြုလုပ်ထားသည့် ဆန္ဒမဲ လက်မှတ်တို့ကိုလည်း ပယ်မဲအ ဖြစ် သတ်မှတ်သည်။

ဆန္ဒမဲလက်မှတ်များ ရေတွက်ရာတွင် အထက်ပါပြဌာန်း ချက်များနှင့်ငြိစွန်းပါက နာယကထံ တင်ပြပြီး မှန်ကန်ပါက ပယ်မဲ အဖြစ် ဆုံးဖြတ်သတ်မှတ်ကြောင်း ကြေညာရမည်ဟု နည်းဥပဒေ တွင် ပြဌာန်းထားသည်။

မဲပေးရာတွင် ထောက်ခံသူ တစ်ဦးတည်းကိုသာ အမှန်အမှတ် အသား (√) ပြုရန်နှင့် ကန့်ကွက်သူများကို ကြက်ခြေခတ်အမှတ်အ သား (×) အမှတ်အသားပြုရမည် ဖြစ်ကြောင်း နည်းဥပဒေ၌ ပါရှိ သည်။

မတ်လ ၁၁ ရက် ဒုသမ္မတ ရွေးချယ်စဉ်က ပြည်သူ့လွှတ်တော်တွင် ပယ်မဲ ၁၄ မဲအထိရှိခဲ့ပြီး အမျိုးသားလွှတ်တော်၌ ခြောက်မဲရှိခဲ့သည်။ ထို့ပြင် ၂၀၁၁ သမ္မတရွေးစဉ်ကလည်း ပယ်မဲ ငါးမဲရှိခဲ့သည်။

ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၌ ဒုသမ္မတ သုံးဦးဖြစ်သည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးမြင့်ဆွေတို့ထဲမှ ထောက်ခံမဲ အများဆုံးရသူကို သမ္မတအဖြစ် တင်မြောက်ရမည် ဖြစ်သည်။

Source: 

7 Day Daily