ဦးထင်ကျော် သမ္မတအရည်အချင်းသတ်မှတ်ချက် နှင့် ဆန့်ကျင်မှုမရှိဟု ဒေါက်တာမျိုးအောင်ပြော

ပြည်သူ့လွှတ်တော်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၀င်ကိုယ်စားပြု ဒုတိယသမ္မတလောင်းအဖြစ် အ မည်စာရင်းတင်သွင်းထားသည့် ဦးထင်ကျော်သည် အခြေခံဥပဒေ ပါ ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက်များနှင့် ဆန့်ကျင် ခြင်းလုံဝမရှိကြောင်း ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားသည့် သမ္မတလောင်းစိစစ်ရေးအဖွဲဝင် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ပြောကြားသည်။
သမ္မတရွေးချယ်တင်မြောက် ရေးအဖွဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ဒုတိယ သမ္မတလောင်းနှစ်ဦး အမည် စာရင်းတင်သွင်းထားသဖြင့် NLD မှ အမည်စာရင်း တင်သွင်းထားသည့် ဦးထင်ကျော်နှင့် ပြည်ခိုင်ဖြိုး အမည်စာရင်းတင်သွင်းသည့် ဒေါက်တာစိုင်းမောက်ခမ်းတို့ကို ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဒေါက်တာမျိုးအောင်တို့ ပါဝင်သော အရည်အချင်းစိစစ်ရေးအဖွဲ့က စိစစ်ရမည်ဖြစ်သည်။

အဆိုပါ ဒုတိယသမ္မတ အ ရည်အချင်းစိစစ်ရေးအဖွဲ့သည် ပြည်သူ့လွှတ်တော်သို့ အမည်စာ ရင်းတင်သွင်းသည့် မတ်လ ၁၀ ရက်၌ပင် အရည်အချင်းစိစစ်မှု များကို ပြုလုပ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

ဒုတိယသမ္မတလောင်းအ ဖြစ် အမည်စာရင်းတင်သွင်းခံရ သည့် ဦးထင်ကျော်နှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့နှစ်ဦးကို မတ်လ ၁၁ ရက် (ယနေ့)တွင် ပြုလုပ်မည့် ပြည်သူလွှတ်တော်အစည်းအဝေး၌​လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်ရ မည်ဖြစ်သည်။

၎တို့နှစ်ဦးအနက် မဲအ များဆုံးဖြင့် ရွေးချယ်ခံသူတစ်ဦး သည် ပြည်သူ့လွှတ်တော်က ရွေး ချယ်တင်မြောက်သည့် ဒုတိယ သမ္မတဖြစ်လာမည်ဖြစ်ပြီး အမျိုး သားလွှတ်တော်က တင်သွင်း သည့် ဒုတိယသမ္မတတစ်ဦး၊ တပ်မတော်အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတတစ်ဦးတို့နှင့်အတူ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ တင် မြောက်နိုင်ရေးအတွက် ထပ်မံအ ရွေးချယ်ခံရမည်ဖြစ်သည်။

Source: 

7 Day Daily