တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့မှ တင်သွင်းမည့် ဒုသမ္မတအ မည်စာရင်းကို ယနေ့ (မတ်လ ၁၁ ရက်)တွင် ထုတ်ပြန်ကြေညာ ရန်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရွေးချယ် တင်မြောက်ရေးအဖွဲ့တွင် ပါဝင် သည့် အစုအဖွဲ့ သုံးဖွဲ့အနက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အစုအဖွဲ့တို့က မတ်လ၁၀ ရက်အစည်းအဝေး၌ ဒုသမ္မတလောင်းအမည်စာရင်းများကို အသီးသီးတင်သွင်းခဲ့ပြီး မတ်လ ၁၁ ရက် အစည်းအဝေးတွင် သမ္မတလောင်းကို မဲခွဲဆုံးဖြတ်၍ အတည်ပြုရွေးချယ်မည်ဖြစ်သည်။
‘‘ဟိုလွှတ်တော်တွေနဲ့အတူ တူ ထုတ်ပြန်မှာပေါ့။ ရွေးပြီး၊ မပြီး ဆိုတာကလည်း မနက်ဖြန် (မတ် လ ၁၁ ရက်)ကျရင် ထုတ်ပြန်မှာ ပါ။ လွှတ်တော်တွေမှာ အတည်ပြုဆုံးဖြတ်ပြီးတာနဲ့ ကျွန်တော်တို့ ဘက်ကလည်း ထုတ်ပြန်ပါ့မယ်’’ ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြော သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၏ ဒု သမ္မတလောင်းရွေးချယ်ရေးအ စည်းအဝေးများကို မတ်လ ၁၀ ရက် နံနက်တွင် ဆင်ဖြူရှင်ရိပ်သာ၌ ပြုလုပ်ခဲ့ပြီး မည်သည့်အချိန်ပြီးဆုံးခဲ့သည်ကို မသိရှိရပေ။
နိုင်ငံတော်သမ္မတ အရည်အ ချင်း စိစစ်ရေးအဖွဲ့တွင် ပါဝင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုး ကို ရွေးချယ်ထားကြောင်းလည်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်အချို့က ပြောသည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ရွေး ချယ်မည့် ဒုသမ္မတအမည်စာရင်း ကို မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့မည် ဖြစ်ကြောင်း သတင်းရရှိသည်။