လက်ရှိအကျပ်အတည်း ကာလတွင် ဒီမိုကရေစီ အင်အား စုအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေး ဦးတည်ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်များက မတ်လ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ရခိုင်အမျိုးသားပါတီ(ANP) ကို ၁၉၉၀ ရွေးကောက်ပွဲဝင် ရ ခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) တို့ပေါင်းစည်း၍ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ANPသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်လွှတ်တော်၌ ရာခိုင်နှုန်းအများဆုံး အနိုင်ရရှိ ထားသည့် ပါတီဖြစ်သည်။
ANP က ပြီးခဲ့သည့် ဇန်နဝါ ရီတွင် ထုတ်ပြန်သော သဘော ထားကြေညာချက် (၁/၂၀၁၆) တွင် ပြည်နယ်ဝန်ကြီးချုပ်သည် ANP လွှတ်တော်ကိုယ်စားလှယ် များထဲမှ တစ်ဦးဦးဖြစ်ရမည်ဖြစ် ပြီး ပြည်နယ်အစိုးရအဖွဲ့ကိုလည်း ဦးဆောင်ဖွဲ့စည်းခွင့်ရှိရမည်ဖြစ် သည်။ ထိုသို့မဟုတ်ပါက အစိုးရ အဖွဲ့တွင် ပါဝင်ခြင်းမပြုဘဲ အ တိုက်အခံပါတီအဖြစ်သာ ရပ်တည်မည်ဟု တောင်းဆိုထားသည်။
ယင်းတောင်းဆိုချက်နှင့် ပတ်သက်၍ ‘‘ပြည်နယ်ဝန်ကြီး ချုပ် ခန့်အပ်တာဝန်ပေးရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ နိုင်ငံတော်သမ္မတတွင်သာ အာ ဏာရှိသည်။ ပြည်နယ်လွှတ်တော် တွင် အာဏာမရှိ။ ထို့ကြောင့်ပြည် နယ်တွင် အများဆုံးအနိုင်ရရှိထား သည့် ပါတီက ပြည်နယ်ဝန်ကြီး ချုပ် ခန့်အပ်ရန်နှင့် ပြည်နယ် အစိုးရ ဦးဆောင်ဖွဲ့စည်းရန်အခွင့် အရေးမှာ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်မှ ရရှိမည်ဖြစ် သည်’’ဟု ရခိုင်အမျိုးသားပါတီ တွင် ပါဝင်သည့် ALD ခေါင်းဆောင်များက ရှင်းလင်းပွဲပြုလုပ်ပြီးထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ယခုကဲ့သို့ အကျပ်အတည်း ကာလတွင် ဒီမိုကရေစီအင်အား စုအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ ပြည်နယ်အစိုးရဖွဲ့စည်းရေးကို ဦး တည်ဆောင်ရွက်သင့်သည်။ ထို သို့မဟုတ်ဘဲ မည်သည့်အစိုးရအ ဖွဲ့တွင်မှ ပါဝင်မည်မဟုတ်ဆိုသော ရပ်တည်ချက်မှာ ရခိုင်အမျိုးသား ပါတီ၏ အရည်အချင်းပြည့်ဝ သည့်လွှတ်တော်ကိုယ်စားလှယ် များအား အစိုးရအဖွဲ့များတွင် ပါ ဝင်ဆောင်ရွက်ခွင့်ကို လုံးဝပိတ် ပင်ရာရောက်သဖြင့် ရခိုင်ပြည်သူ များစွာ အကျိုးစီးပွားကိုများ ထိ ခိုက်နစ်နာစေမည် ဖြစ်သည်’’ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
‘‘ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အ တွက်ပဲ ကြိုးစားချင်တယ်။ ဖွဲ့ စည်းပုံမှာပါမယ်ဆိုရင် ဘယ်သူ့ ကိုမှလည်း ဘာမှပြောစရာမလို ဘူး။ ပြည်နယ်အစိုးရကို ပြည်နယ် မှာ အများဆုံးနိုင်ထားတဲ့ပါတီက ပဲ ဖွဲ့ခွင့်ရမယ်။ အဲဒီလိုဖြစ်ဖို့အ တွက် ရခိုင်တစ်ယောက်တည်းနဲ့ ဘယ်ရမလဲ။ တခြားတိုင်းရင်းသား တွေနဲ့လည်း ပူးပေါင်းရမယ်။ မြန် မာနိုင်ငံမှာရှိတဲ့ အင်အားစုတွေနဲ့ ပေါင်းပြီး ပြင်ရမယ့်ကိစ္စဖြစ် တယ်’’ဟု ANP ဗဟိုအလုပ်အမှု ဆောင်တစ်ဦးအဖြစ် ပါဝင်သော ALD ခေါင်းဆောင်ဦးကျော်မြင့်က မီဒီယာများအား ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကလည်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် NLD မှ ရွေးကောက်ခံပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးညီပုအား ရွေးချယ်ထားကြောင်း ပြောကြား ထားသည်။
ထို့အပြင် ရခိုင်အမျိုးသားပါ တီ(ALP)က ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီများကို အခြေခံဖွဲ့စည်းထားသည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များမဟာမိတ်အဖွဲ့(UNA)နှင့် မ ဟာမိတ်အဖြစ်မှ ရပ်စဲကြောင်း ကြေညာထားသည်။ ANP ထုတ် ပြန်ချက်(၂/၂၀၁၆)နှင့်ပတ်သက် ၍လည်း ယင်းထုတ်ပြန်ချက်သည် တရားမဝင်သဖြင့် လုံးဝလက်ခံ မည်မဟုတ်ကြောင်းနှင့် ရခိုင်ပြည် သူများအကျိုးအတွက် UNA နှင့် မဟာမိတ်ဆက်ဆံရေးကို ဆက် လက်ထိန်းသိမ်းဆောင်ရွက်မည် ဖြစ်ကြောင်း မတ်လ ၆ ရက် ရှင်း လင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
ANP ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် RNDP မှ ၃၂ ဦး၊ALD မှ ခုနစ်ဦးပါဝင်သည်။ ANP ထုတ်ပြန်ချက် (၁/၂၀၁၆) နှင့်(၂/၂၀၁၆) တို့သည် တစ်ဖက်သတ် ကြေညာချက်များသာဖြစ်ပြီး ၎င်း တို့သဘောထားမပါဝင်ကြောင်း ANP တွင် ပါဝင်သည့် ALD ခေါင်းဆောင်များက ပြောသည်။
အဆိုပါထုတ်ပြန်ချက်များ သည် ရခိုင်ပြည်သူများအကျိုးစီး ပွားကို ကာကွယ်ရာမရောက်ဘဲ အမျိုးသားစည်းလုံးညီညွတ်ရေး ကို ပြိုကွဲစေသဖြင့် လုံးဝလက်မခံ နိုင်ကြောင်းနှင့် ယင်းထုတ်ပြန် ချက်များသည် တရားဝင်ခြင်းမရှိ သည့်အတွက် လိုက်နာဆောင် ရွက်မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ALD ခေါင်းဆောင် များက ထုတ်ပြန်ကြေညာသည်။