ပြီးခဲ့သည့် ရွေးကောက် ပွဲတွင် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၏ လုပ်ဆောင်ချက် မှားယွင်းမှုအချို့ရှိခဲ့ကြောင်း ရွေး ကောက်ပွဲအပြီး နှစ်လခွဲကျော်အ ကြာတွင် ထွက်ပေါ်လာသော PACE အဖွဲ့၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုအပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယုံကြည်ရသော ရွေး ကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအ ဖွဲ့ (PEOPLE’S ALLIANCE FOR CREDIBILE ELECTIONS -PACE)အဖွဲ့အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို အင်အားနှစ် ထောင်ကျော်ဖြင့် တစ်နိုင်ငံလုံးအ တိုင်းအတာ ဖြန့်ကြက်စောင့် ကြည့်မှု ပြုလုပ်ခဲ့ပြီးနောက် တွေ့ ရှိချက်အပြီးသတ် အစီရင်ခံစာကို ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန် ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်၏ အားနည်းချက်များကို ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်အ နေဖြင့် ရွေးကောက်ပွဲများအတွက် အချိန်ဇယားသည် ရှင်းလင်းမှုများ စွာ သတ်မှတ်ထားမှုမရှိဘဲ လက် တွေ့၌လည်း အသေးစိတ်အချိန် ဇယားနှင့် အစီအစဉ်များမှာ ရွေး ကောက်ပွဲအဆုံးသတ်သည်အထိ ရှင်းလင်းမှုမရှိခဲ့ကြောင်း၊ မဲဆန္ဒ ရှင်စာရှင်းပြုလုပ်မှုတွင်လည်း အလွဲအမှားများရှိကြောင်း ယင်း အဖွဲ့က ထောက်ပြခဲ့သည်။
‘‘သူတို့အနေနဲ့ အပေါ်နဲ့ အောက်ခြေအဆင့်ချိတ်ဆက်မှု တွေမှာလည်း အားနည်းချက်တွေ အများကြီးရှိခဲ့တယ်။ မဲပေးတဲ့ ရက်မှာတောင် မဲရုံမှူးတွေ ဥပဒေ အကြောင်း နားလည်အောင် ရှင်း ပြမထားနိုင်ခဲ့တဲ့အတွက် အဆင် မပြေမှုတွေ ဖြစ်ပေါ်ခဲ့တယ်’’ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက် တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စတင်ဖွဲ့ စည်းစဉ်ကတည်းက ရှင်းလင်းမှု မရှိသည့် လုပ်ငန်းစဉ်များရှိခဲ့ပြီး အောက်ခြေအဆင့် ရွေးကောက်ပွဲ တာဝန်ရှိသူများ ခန့်အပ်မှုမှာ လည်း ပွင့်လင်းမြင်သာမှုမရှိခဲ့ဟု ယင်းအစီရင်ခံစာက ဆိုသည်။
ထိုသို့သော ဖြစ်ရပ်များ ကြောင့် နိုင်ငံရေးပါတီများ၊ အရပ် ဘက်အဖွဲ့အစည်းခေါင်းဆောင် များနှင့် ပြည်သူများက အဆိုပါ ရွေးကောက်ပွဲကော်မရှင်၏ လွတ် လပ်မှုရှိခြင်း၊ ကြားနေမှုရှိခြင်းတို့ နှင့်စပ်လျဉ်း၍ သံသယဖြစ်ခဲ့ကြ သည်ဟု ဆိုသည်။
ထို့ကြောင့် အစိုးရသစ်လက် ထက်တွင် ဖွဲ့စည်းမည့် ရွေး ကောက်ပွဲကော်မရှင်အနေဖြင့် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု ရှိစွာ ဖွဲ့စည်းနိုင်ရန်လိုအပ်ပြီး ၎င်းတို့ကလည်း အဆိုပါရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှုအ ပေါ် ဆက်လက်စောင့်ကြည့်မည် ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြော သည်။
‘‘အရပ်သားကျွမ်းကျင်သူ တွေ၊ သမာသမတ်ကျတဲ့သူတွေ ကော်မရှင်မှာ ပိုမိုပါဝင်နိုင်ဖို့လိုပါ တယ်’’ဟု ၎င်းက ပြောသည်။
၂၀၁၅ PACE အဖွဲ့က ရွေး ကောက်ပွဲတစ်ခုလုံးကို ခြုံငုံ၍ သုံးသပ်ထားရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ တည်ငြိမ်အေး ချမ်း၍ အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး မဲဆန္ဒရှင်များ ပါဝင်ဆောင်ရွက် နိုင်ရန် လွတ်လပ်ပွင့်လင်းမှုရှိခဲ့ သည်ဟု ဆိုသည်။