တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနှင့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်တို့ လာမည့် တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၂)တွင် နေပြည် တော်၌ ပထမဦးဆုံးအကြိမ် တွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
တွေ့ဆုံရာတွင် တိုင်းဒေသ ကြီးနှင့်ပြည်နယ်လွှတ်တော်များ တွင် လွှတ်တော်ရေးရာကော်မတီ များဖွဲ့စည်းခြင်းနှင့် လွှတ်တော် စွမ်းဆောင်ရည်မြှင့်တင်ခြင်းများ ကို ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌအချို့က ပြော သည်။
‘‘ဖိတ်စာတော့ ရပြီ။ လွှတ် တော်မှာ တွေ့ဖို့ များနေပါတယ်။ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေ ကို စွမ်းဆောင်ရည် ဘယ်လိုမြှင့် မလဲဆိုတာ ဆွေးနွေးဖို့များတယ်’’ ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့်ဒုတိယ ဥက္ကဋ္ဌများသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာနိုင်ငံလွှတ်တော်ဆိုင် ရာအစည်းအဝေးသို့ တက်ရောက် ရန် ရှိနေသည်။
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံဝင်းအတွင်း မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့အ စည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ယင်းအဖွဲ့အစည်းကို ပြည်ထောင် စုလွှတ်တော်နာယကက ဦး ဆောင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌ နေရာအများစုကို ရွေးကောက်ပွဲ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရရှိထားသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ လွှတ်တော်များအနက် ရခိုင်နှင့်ရှမ်းပြည်နယ်လွှတ်တော် များမှအပ အခြားသော လွှတ် တော်များတွင် လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌနေရာများကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်း ၏ပါတီဝင်များအား ခန့်အပ်ထား သည်။
ထို့ပြင် ရခိုင်နှင့်ရှမ်းပြည်နယ် မှလွဲ၍ အခြားသောတိုင်းဒေသ ကြီးနှင့်ပြည်နယ်များရှိ လွှတ်တော် များတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကသာ နေရာအများစုရရှိ ထားသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာများ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရယူထားပြီး ဒုတိယဥက္ကဋ္ဌ နေရာများကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်ရခိုင် အမျိုးသားပါတီတို့က ရရှိထား သည်။