လွှတ်တော်သစ် ခေါ်ယူ ရန် သီတင်းသုံးပတ်အလိုတွင် ပြုလုပ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေး၌ အစိုးရဖွဲ့စည်းရေးအတွက် ဆုံး ဖြတ်ချက် မချရသေးကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင် ဦးဉာဏ်ဝင်းက ပြောသည်။
ဇန်နဝါရီ ၁၀ ရက်က ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်၍ နေပြည်တော်ရှိ ၎င်းနေထိုင်သည့် နှင်းဆီစံအိမ်တွင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကို နေ့လယ် ၁ နာရီမှစတင်၍ ညနေ ၄ နာရီအထိ သုံးနာရီကြာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီး၌ ဦးဉာဏ်ဝင်းက သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အစိုးရဖွဲ့စည်းရေးဆွေးနွေးတယ်။ ဆုံးဖြတ်ချက်မရှိသေးဘူး။ ဆုံးဖြတ်ချက် မရှိသေးတဲ့အတွက် အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး’’ ဟု ဦးဉာဏ်ဝင်းကပြောသည်။
အစိုးရ ဖွဲ့စည်းနိုင်ရန် မည်သည့် အခက်အခဲများပါတီ တွင်ရှိနေပါသလဲဟု သတင်း ထောက် တစ်ဦးက မေးမြန်းရာ ‘‘အခက်အခဲက လူရွေးပြီးရင် ကိုယ့်ဘာသာကိုယ် ရွေးလို့မရ ဘူး။ သူ့ရဲ့(ကာယကံရှင်)သဘော တူညီချက်လည်း လိုတယ်။ ကျွန် တော်တို့ မပြည့်စုံသေးဘူး။ ဆုံး ဖြတ်ချက်မချရသေးဘူး’’ဟု ဦး ဉာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့ သည်။
လက်ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရဖွဲ့စည်းရေး ကိစ္စကို အသေးစိတ် မပြောနိုင် သော်လည်း အစိုးရအသစ် ဖွဲ့ စည်းရန် နီးကပ်လာသည့်အခါ တွင် ဆုံးဖြတ်မှုပြုလုပ်ကာ ပြော ကြားသွားမည်ဖြစ်ကြောင်း ၎င်း က ပြောကြားသည်။
‘‘အခုက ဘာမှမဆုံးဖြတ်ရ သေးလို့ မထုတ်ပြန်သေးတာပါ။ ဆုံးဖြတ်ချက်ချရင် ထုတ်ပြန်ပေး မယ်။ မပြောဘဲနဲ့ ရှေ့ဆက်လုပ် လို့လည်း ရမှမရတာ’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင် ဦးဝင်းမြင့်ကပြော ကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးကို နှစ်ပတ် တစ်ကြိမ်ပြုလုပ်လျက်ရှိသည်။ ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ၁၄ ဦးတက်ရောက်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တက်ရောက်ခြင်းမရှိခဲ့ဘဲ ၎င်း၏ ကိုယ်ရေးကိုယ်တာကြောင့် မတက်ရောက်ခြင်းဟု ဦးဝင်းမြင့်က ပြောသည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗဟိုကော်မ တီဝင်များထံ 7Day Dailyကမှတ် ချက်တောင်းခံရာ ပြောဆိုခွင့်မရှိ သောကြောင့် သဘောထားမှတ် ချက်မရခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အနိုင်ရရှိသည့်ပါတီဖြစ် သည်။
ယခုကျင်းပလျက်ရှိသော လွှတ်တော်သက်တမ်းသည် ဇန်န ဝါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်၌ ဒုတိယအကြိမ် လွှတ်တော်ခေါ် ယူမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သက်တမ်းသည် လာမည့်မတ်လ ၃၀ ရက်၌ ကုန်ဆုံးမည်ဖြစ်သည်။