တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၀၀ ကျော် တွင် ငါးဦးသာ အနိုင်ရ

၂၀၁၅ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်လောင်း ၃၀၀ ကျော် အနက် ငါးဦးသာ အနိုင်ရရှိခဲ့ ကြောင်း ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်သည်။
ပြည်သူ့လွှတ်တော်တွင် ၉၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၄၂ ဦး၊ တိုင်းရင်းသားရေးရာကိုယ်စား လှယ်များအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်များ တွင် ၁၇၈ ဦး၊ စုစုပေါင်းတစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၁၀ ဦးယှဉ်ပြိုင်ခဲ့သည်။ ယင်းတို့ အနက်မှ ပြည်သူ့လွှတ်တော်တွင် တစ်ဦး၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ် တော်များတွင် နှစ်ဦးစီ စုစုပေါင်း ငါးဦးသာ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကျင်း ပပြီး ၄၅ ရက်အတွင်း ထုတ်ပြန် ရမည့် ရွေးကောက်ပွဲဆိုင်ရာ အ ချက်အလက်များထုတ်ပြန်ကြေ ညာချက်တွင် အထက်ပါအတိုင်း ပါရှိခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံရေးပါတီများက လည်း ပြည်သူ့လွှတ်တော်တွင် ၁,၆၄၃ ဦး၊ အမျိုးသားလွှတ်တော် တွင် ၈၄၄ ဦး၊ တိုင်းရင်းသားရေး ရာကိုယ်စားလှယ်များအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ် တော်များတွင် ၃,၂၄၁ ဦး၊ စုစု ပေါင်း ၅,၇၂၈ ဦးယှဉ်ပြိုင်ခဲ့သည်။

ယင်းအနက်မှ ပြည်သူ့လွှတ် တော်တွင် ၃၂၂ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၆၆ ဦးနှင့် တိုင်း ဒေသကြီးနှင့်ပြည်နယ်လွှတ်တော် များတွင် ၆၅၇ ဦး၊ စုစုပေါင်း ၁,၁၄၅ဦး ရွေးကောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် ရွေးကောက်ပွဲကျင်း ပခဲ့သည့် မဲဆန္ဒနယ်များသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နေရာတွင် ၃၂၃ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာတွင် ၁၆၈ နေရာစလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် ၆၇၃ နေရာတွင် ၆၅၉ နေရာကျင်းပနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ကြိုတင်မဲပေးမှုမှာ ပြည်သူ့ လွှတ်တော်တွင် ၂၃ သန်းကျော်၊ အမျိုးသားလွှတ်တော်တွင် ၂၃ သန်းကျော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ၂၆ သန်းကျော် ပေးခဲ့ကြကြောင်း သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းဦး ရေမှာ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ များထက် ပိုမိုများပြားခဲ့သည်။

Source: 

7 Day Daily