ပထမအကြိမ် မန္တ လေးတိုင်းဒေသကြီး (၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးများ ကို ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေကိစ္စ များ အဓိကဆွေးနွေးဖွယ်ရှိ ကြောင်း သတင်းရရှိသည်။
‘‘ဖြည့်စွက်ဘတ်ဂျက်ကိစ္စကို အဓိကဆွေးနွေးဖြစ်ပါလိမ့် မယ်။ စီမံကိန်းဆိုင်ရာတွေလည်း ပါနိုင်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်တွေနဲ့ ပတ်သက်လို့က တော့ ပြည်ထောင်စုလွှတ်တော် ရဲ့ အခြေအနေပေါ် မူတည်ပြီးမှ ဆွေးနွေးဖြစ်မယ်ထင်ပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြော သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ်လွှတ်တော်သက် တမ်းသည် လာမည့် ၂၀၁၆ ဇန် နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ထို့ကြောင့် ယခုခေါ်ယူ သည့် ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် (၁၄) ကြိမ် မြောက် ပုံမှန်အစည်းအဝေးသည် ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း နောက်ဆုံးခေါ်ယူ သည့် အစည်းအဝေးများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။
‘‘ဒါက ပထမအကြိမ်လွှတ် တော်သက်တမ်းအတွက် နောက် ဆုံးအကြိမ် ပုံမှန်အစည်းအဝေး ဖြစ်နိုင်တယ်။ ဇန်နဝါရီလကုန်မှာ လွှတ်တော်သက်တမ်းကုန်မှာဆို တော့ နောက်တစ်ကြိမ်ခေါ်ဖို့ အ ချိန်မမီလောက်တော့ဘူး’’ဟု မန္တ လေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်ကြီး တံခွန်မြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းလှက ပြော သည်။
ယခုအကြိမ်လွှတ်တော်အ စည်းအဝေးတွင် ဥပဒေကြမ်းများ ကို အတည်ပြုဆွေးနွေးနိုင်မည် မဟုတ်တော့ဘဲ အဆိုတင်သွင်း ခြင်းနှင့် မေးခွန်းမေးမြန်းခြင်းများ နည်းပါးမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။ အဓိကအားဖြင့် ဘတ် ဂျက်ကိစ္စဆွေးနွေးခြင်း၊ စီမံကိန်း အဆိုပြုရည်မှန်းချက်များ ဆွေး နွေးခြင်းနှင့် ဘတ်ဂျက်ငွေကြေး အသုံးပြုရန် မလိုအပ်ဘဲနှင့် အစိုးရက ဆောင်ရွက်နိုင်မည့် ပေါ်လစီ ပိုင်းနှင့် သက်ဆိုင်သည့် မေးခွန်း များကိုသာ အဓိကဆွေးနွေးကြ ဖွယ်ရှိသည်ဟု ကိုယ်စားလှယ် များက ဆိုသည်။
‘‘ဥပဒေတွေ ဆွေးနွေးအ တည်ပြုတာ၊ ဥပဒေကြမ်းတွေကို ဆွေးနွေးအတည်ပြုဖို့က အချိန်မ မီတော့ဘူး။ လွှတ်တော်သက် တမ်းကလည်း တစ်ပတ်လောက် ပဲဖြစ်ဖို့ များမယ်ထင်တယ်။ အ ကယ်၍ ပြည်ထောင်စုလွှတ်တော် အတည်ပြုလို့ ၂၀၁၆-၁၇ ဘတ် ဂျက်ကိစ္စပါ ဆက်ပြီးဆွေးနွေးမယ်ဆိုရင်တော့ ကြာမယ်ထင်တယ်’’ ဟု လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းလှက ပြောသည်။
ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်အစည်းအ ဝေးများတွင် ဥပဒေပေါင်း ၄၂ ခု အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။