နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေ ပြည်တော်တွင် တွေ့ဆုံမည့် ဒီဇင် ဘာ ၂ရက်(ယနေ့)၌ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘NLDနဲ့ ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေး ချက်တွေဖြစ်လာဖို့အတွက်အကြံ ဉာဏ်ရယူမယ့်တွေ့ဆုံပွဲပါ’’ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေး မှူးဦးစိုင်းညွန့်လွင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတနှင့် နံနက်ပိုင်းတွင် တွေ့ဆုံပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် မွန်းလွဲ ၂နာရီတွင် ဆက်လက် တွေ့ဆုံမည်ဖြစ်သည်။ယင်းနေ့၌ပင် UNA အလုပ်အ အဖွဲ့မှ အဖွဲ့ဝင်၁၅ဦးက မွန်းလွဲ ၁နာရီတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် UNAအ ဖွဲ့ဝင်များအနက် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီတို့က နေရာ အများဆုံးအနိုင်ရခဲ့သည်။ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ဒေါ် အောင်ဆန်းစုကြည်အဆင်ပြေ မည့်အချိန်တွင် တွေ့ဆုံသွားရန် ဆန္ဒရှိကြောင်း 7Day Dailyအားပြောကြားသည်။