ပဲခူးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲဝင် ကိုယ် စားလှယ်များအနက် ၁၉၁ ဦး အာမခံငွေ ပြန်ရမည်

ပဲခူးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စား
လှယ်လောင်းများအနက် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေပြန်လည်ရရှိမည့်
ကိုယ်စားလှယ်လောင်းမှာ ၁၉၁ ဦး ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ရွေး
ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။ ပဲခူးတိုင်းဒေသကြီးတွင် ရွေး
ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၂၂ ခုမှ ကိုယ်စားလှယ်
လောင်း ၅၄၆ ဦး ရှိပြီး အာမခံငွေ ရရှိသော အနိုင်ရလွှတ်တော်ကိုယ်စားလှယ်
၉၄ ဦးနှင့် အနိုင်မရှိသော်လည်း ခိုင်လုံမဲရှစ်ပုံတစ်ပုံ (မဲပေးသူဦးရေ၏ ၁၂
ဒသမ ၅ ရာခိုင်နှုန်း) ရရှိသော လွှတ်တော်ကိုယ်စားလှယ် ၉၇ ဦး၊ စုစုပေါင်း
၁၉၁ ဦး ရရှိမည် ဖြစ်သည်။ “ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ ရရှိတဲ့ ကိုယ်စားလှယ်
လောင်းတွေသာ အာမခံငွေပြန်လည်ရရှိမှာ ဖြစ်တယ်။ အာမခံငွေ ရရှိတဲ့
ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲရလဒ် ကြေညာပြီးသည့် ရက်မှ ရက်
ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်လွှာတင်သွင်းရ
မှာ ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ
ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ
တွင် ခိုင်လုံမဲရှစ်ပုံတစ်ပုံမရရှိပါက လွှတ်တော်ကိုယ်စားလှယ်များ၏ ဝင်ခွင့်
အာခံငွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ပြီး အာမခံ
ငွေပြန်လည် ရရှိသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်
ပွဲဝင်ခွင့်အာမခံငွေကို အကြောင်းကြားသည့် နေ့မှ ခြောက်လအတွင်း လာ
ရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းရမည်ဟု ရွေး
ကောက်ပွဲနည်းဥပဒေတွင် ဖော်ပြထားသည်။

Source: 

Democracy Today