SNDP ပါတီညီလာခံ ပြုလုပ်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၏ ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ရွေးချယ်မည့် ပါတီညီ လာခံတစ်ရပ်ကို လာမည့်မတ်လ အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ယင်းပါတီမှ သတင်းရရှိသည်။
ညီလာခံတွင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင်များပြန် လည်ရွေးချယ်တင်မြှောက်ခြင်း များပြုလုပ်မည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြော သည်။

‘‘ညီလာခံမှာ ပြည်နယ်အတွင်းရှိတဲ့ မြို့နယ်တွေက ပါတီကိုယ် စားလှယ်တွေ တက်ရောက်ပြီး ပါတီခေါင်းဆောင်ပိုင်းကို ပြန်ရွေးချယ်ဖို့ လုပ်မှာပါ’’ဟု ဦးစိုင်းအိုက် ပေါင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ၏ ဖွဲ့စည်းပုံအ ခြေခံစည်းမျဉ်းအခန်း (၃) အပိုဒ် (၃) အပိုဒ်ခွဲ (ခ)ပါ ပြဋ္ဌာန်းချက် အရ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် လွှတ် တော်နှင့်အညီ ဖြစ်သည်ဟု သတ် မှတ်ပြဋ္ဌာန်းထားရာ လက်ရှိဗဟို အလုပ်အမှုဆောင်အဖွဲ့၏ သက် တမ်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးခဲ့ပြီး ဖြစ် သည်။

ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၂၅ဦးရှိကာ မတ်လအတွင်း ကျင်းပ မည့် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းအပြင် ပါတီပြုပြင်ပြောင်းလဲရေးအတွက်လည်း ထည့်သွင်းဆွေးနွေးမည် ဟု ပါတီဝင်အချို့ထံမှ သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီကို ဦးစိုင်းအိုက် ပေါင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားပြီး ၂၀၁၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ ပြည်နယ်လွှတ်တော်တို့ အတွက် လွှတ်တော်ကိုယ်စား လှယ် ၅၈ နေရာအနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ပြည်နယ်လွှတ်တော်၌လွှတ်တော်ကိုယ်စားလှယ်တစ်နေရာသာ အနိုင်ရခဲ့သည်။

Source: 

7 Day Daily