ရန်ကုန်တိုင်းဒေသကြီး အစိုးရအလွဲအပြောင်းကို အခမ်းအနားဖြင့် ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း အစိုးရအဖွဲ့၀င် ၀န်ကြီး အချို့က ပြောသည်။
အစိုးရအလွဲအပြောင်းနှင့် ပတ်သက်၍ သာမန်လုပ်ထုံးလုပ် နည်းများအတိုင်းသာ ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စုအစိုးရကဲ့သို့ အခမ်းအနားအစီအစဉ်ပြုလုပ်ရန် စီမံထားခြင်းမရှိဟု ဆိုသည်။
‘‘ထူးထူးထွေထွေ အခမ်းအ နားတွေဘာတွေ လုပ်မယ်လည်း မကြားပါဘူး။ ကိုယ်တွေလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ စာရွက်စာတမ်း တွေကို သက်ဆိုင်ရာ Section အလိုက် ညွှန်ကြားရေးမှူးတွေကို ပေးအပ်ခဲ့မယ်။ သူတို့ကအသစ် ရောက်လာမယ့်သူတွေကို လွဲပေး မယ်။ ဒီလောက်ပါပဲ’’ဟု ရန်ကုန် တိုင်းဒေသကြီးဆောက်လုပ်ရေး နှင့်စွမ်းအင်၀န်ကြီး ဦးကျော်စိုးက ပြောသည်။
ပြည်ထောင်စုအစိုးရအာ ဏာလွဲပြောင်းမှု အစီအစဉ်ကို မတ််လ ၃၀ ရက် နံနက်တွင် ပြည်ထောင်စုလွှတ်တော်၌ အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး ညနေ ပိုင်းတွင် နိုင်ငံတော်သမ္မတနေ အိမ်၌ ညစာစားပွဲပြုလုပ်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ အလွဲအပြောင်းအတွက် သီးခြားညွှန်ကြားချက်မရှိသေး သော်လည်း အဆောင်အယောင် နေအိမ်များကိုမူ နောက်အစိုးရအ ဖွဲ့သစ်မှ ၀န်ကြီးများအတွက် အဆင်သင့်ဖြစ်စေရန် ရွှေ့ပြောင်းမှုများ ကြိုတင်ပြုလုပ်နေသည်ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့် မွေးမြူရေး၀န်ကြီး ဦးစိုးမင်းက ပြောသည်။
‘‘မတ်လ ၃၁ ရက်အထိပဲ ဆက်နေခွင့်ရှိတာလေ။ တာ၀န် ပြီးတဲ့နေ့ အားလုံးလွဲအပ်နိုင်ဖို့ အတွက်တော့ လုပ်နေကြတာပဲ။ ပိတ်ရက်ထဲမှာတင် ပစ္စည်းတွေရွှေ့ပြောင်းနေကြတယ်။လွဲပြောင်းရေးအစီအစဉ်ရှိတယ်တော့ မ ပြောဘူး’’ဟု ဦးစိုးမင်းက ပြောသည်။
နောက်တက်လာမည့် အစိုးရအဖွဲ့၀င် ၀န်ကြီးများအား လွဲပြောင်းပေးရန် မတ်လဆန်းမှစ၍ နေအိမ်များမှ ပစ္စည်းများ ပြောင်းရွှေ့နေကြခြင်းဖြစ်သည်။