အစိုးရအဖွဲ့အသစ်တွင် ပါဝင်သည့် ပြည်ထောင်စုဝန် ကြီးများ၏ အမည်စာရင်း

ယနေ့(မတ်လ ၂၂ ရက်)တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက တင်ပြသည့် အစိုးရအဖွဲ့အသစ်တွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ဖတ်ကြားတင်ပြခဲ့ရာ အမည်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဒေါ်အောင်ဆန်းစုကြည်

၂။ ဒေါက်တာအောင်သူ

၃။ ဦးသန့်စင်မောင်

၄။ သူရဦးအောင်ကို

၅။ ဦးအုန်းဝင်း

၆။ ဦးသိန်းဆွေ

၇။ ဦးကျော်ဝင်း

၈။ ဦးခင်မောင်ချို

၉။ ဒေါက်တာမြင့်ထွေး

၁၀။ ဦးဝင်းခိုင်

၁၁။ ဒေါက်တာဝင်းမြတ်အေး

၁၂။ဦးအုန်းမောင်

၁၃။ ဒေါက်တာသန်းမြင့်

၁၄။နိုင်သက်လွင်

၁၅။ ဒေါက်တာဖေမြင့်

၁၆။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

၁၇။ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ

၁၈။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စသည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စုဝန်ကြီးဌာနများတွင် ဝန်ကြီးများအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။အဆိုပါ ပုဂ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း(သို့မဟုတ်) ကန့်ကွက်လိုသူများရှိပါက ကန့်ကွက်ကြောင်း အဆိုပြုတင်ပြခြင်းကို လာမည့် မတ်လ ၂၄ ရက် တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည်။

Source: 

7 Day Daily