အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ၀န်ကြီးများ ခန့်အပ်ရေး၊ ၀န်ကြီးဌာနများ သတ်မှတ်ရေးနှင့်ပတ်သက်၍ ရွေး ကောက်ပွဲအနိုင်ရ အင်န်အယ်လ် ဒီပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်က ဒုသမ္မတအဖြစ် တင် မြောက်ခံရသည့် ဦးထင်ကျော်တို့ ညိနှိုင်းဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။
ဒုသမ္မတ သုံးဦးအနက်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ရွေချယ်ထားသော ဒုသမ္မတ ဦးထင်ကျော်သည် သမ္မတဖြစ်လာရန် ရေပန်းစားနေသည်။
အစိုးရသစ်ဖွဲ့စည်းနိုင်ရေး နှင့် လိုအပ်သည့် အကြောင်းကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အနိုင် ရပါတီခေါင်းဆောင်နှင့် ဦးထင်ကျော်တို့ ထိုကဲ့သို့ဆွေးနွေးညိနှိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
မကြာမီရက်ပိုင်းအတွင်း ဖွဲ့စည်းတော့မည့် အစိုးရအဖွဲ့သစ်တွင် လက်ရှိရှိနေသည့် ၀န်ကြီးဌာနများသည် ဖောင်းပွနေသဖြင့် ၀န်ကြီးဌာန ၂၀ ခန့်သာ ထားရှိပြီး လုပ်ငန်းတူသည့် ၀န်ကြီးဌာန အချို့ ပေါင်းစည်းဖွဲ့စည်းမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအတွင်းရေးမှူးအဖွဲ့ ၀င် ဦး၀င်းထိန်က ပြောကြားထား သည်။