အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်တို့ မှ တင်မြောက်ထားသောဒုသမ္မတ သုံးဦးတို့အား သမ္မတအရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ် ထားသော တွေ့ရှိချက်ကို ယနေ့ (မတ်လ ၁၄ ရက်)ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
မတ်လ ၁၄ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးလျာထားအစီအ စဉ်၌ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အသီးသီးက တင်ပြ သည့် ဒုတိယသမ္မတများနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတအ တွက် သတ်မှတ်ထားသည့် အ ရည်အချင်းနှင့်ပြည့်စုံခြင်းရှိ၊ မရှိ ကို နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊ မရှိစိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက် တင်ပြခြင်း အစီအစဉ်ပါရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။
ဒုသမ္မတသုံးဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြောက်ထားသော ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များက တင်မြောက်ထားသော ဦးမြင့်ဆွေတို့ဖြစ်ပြီး ၎တို့အနက်တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယနေ့မွန်းလွဲ ၁ နာရီတွင် စတင်မည်ဖြစ်သည်။
ဒုသမ္မတများကို နိုင်ငံတော် သမ္မတအရည်အချင်းနှင့် ညီညွတ် မှုရှိ၊ မရှိ စိစစ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ပါရှိသော ပုဒ်မ ၆၀ နှင့်အညီ စိစစ်မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတအရည် အချင်းနှင့်ပြည့်စုံမှုရှိိ၊ မရှိ စိစစ် ရေးအဖွဲ့၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုး အောင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ တွင် နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြောက်ရ မည်ဟုပါရှိသည်။
နိုင်ငံတော်သမ္မတအရည်အ ချင်းနှင့်ပြည့်စုံမှုရှိ၊ မရှိ စိစစ်ရေး အဖွဲ့ကို မတ်လ ၁၀ ရက်တွင် ဖွဲ့ စည်းထားခြင်းဖြစ်ကာ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦး၀င်းမြင့်၊ အ မျိုးသားလွှတ်တော်ဥက္ကဌ မန်း၀င်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဒုဥက္ကဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဘမျိုးသိန်းနှင့် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်ချုပ်သန်းစိုးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အဆိုပါအဖွဲ့တွင် ရွေး ကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး စီကို ထည့်သွင်းထားပြီး ယင်းကိုယ်စားလှယ်နှစ်ဦးပါ၀င်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့မှ ကိုယ်စားလှယ်များ အပြိုင်တင် သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ ၌ ဒီချုပ်ပါတီက အနိုင်ရထား ခြင်းဖြစ်သည်။
မတ်လ ၁၄ ရက်တွင် ကျင်း ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဒုသမ္မတသုံးဦးကို သမ္မတအရည်အချင်းနှင့် ညီညွတ် ခြင်းရှိ၊ မရှိ ကြေညာပြီးနောက် မတ်လ ၁၅ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတသစ်ကို မဲခွဲရွေးချယ်ခြင်း ပြုလုပ်ရန်ရှိ ကြောင်း
လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။