သမ္မတတာဝန် လွဲပြောင်းရေးအခမ်းအနား ဆက် လက်ညှိနှိုင်းရန် ဒီချုပ်နှင့်အစိုးရ လေးကြိမ်မြောက် တွေ့မည်

နိုင်ငံတော်အကြီးအကဲ တာဝန်လွဲပြောင်းမည့် အခမ်းအ နားအစီအစဉ်အတွက် အစိုးရ ဘက်မှ ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား လေးကြိမ်မြောက် ဆက်လက်ညှိနှိုင်း ကြမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စတုတ္ထအကြိမ် ညှိနှိုင်းအ စည်းအဝေးကို မတ်လ ၁၁ ရက် တွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

‘‘ဖိတ်ထားတယ်။ ညှိနှိုင်းမှု ပြတ်မပြတ်ဆိုတာကိုတော့ ဆွေး နွေးမှပဲ သိနိုင်မယ်’’ ဟု အစိုးရဘက် မှ ဦးရဲထွဋ်ကပြောသည်။

ဒီချုပ်ဘက်က လွှတ်တော် တွင် ပြုလုပ်ချင်သော အဆိုပါ အခမ်းအနားကို အစိုးရဘက်က သမ္မတအိမ်တော်တွင် ပြုလုပ်ချင်နေသည်။

‘‘အာဏာလွဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာပဲ လုပ် မယ်’’ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မီဒီယာများအား ပြောသည်။

မတ်လ ၃ ရက်က နေပြည် တော်ရှိ နှင်းဆီစံအိမ်တွင် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါက်အောင်ဆန်းစုကြည်တို့ ဆွေးနွေးအပြီး ပြန်လည်ထွက်ခွာလာ စဉ် ဦးဉာဏ်ဝင်းက မီဒီယာများအား ပြောကြားခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ တာဝန်လွဲပြောင်းမှု အထောက်အကူ ပြုကော်မတီနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အသွင်ကူးပြောင်း ရေးအဖွဲ့အကြား သုံးကြိမ်အထိ တွေ့ဆုံခဲ့ပြီးသော်လည်း အခမ်း အနားအတွက် အပြီးသတ် သဘောတူညီမှု မရသေးပေ။ လက်ရှိ အစိုးရမှာ ယခုလ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

နိုင်ငံတော် အကြီးအကဲတာ ဝန်နှင့် အစိုးရ တာဝန်လွဲပြောင်း ရေးအတွက် အစိုးရကိုယ်စား လှယ်အဖွဲ့ကို ပြည်ထောင်စုဝန် ကြီး ဦးလှထွန်းက ဦးဆောင်ပြီး သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးမောင် မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၀င် ဒေါက်တာမျိုး အောင်နှင့် ရန်ကုန်တက္ကသိုလ်ပါ မောက္ခချုပ်(အငြိမ်းစား) ဒေါက် တာအောင်သူတို့ဖြင့် ဖွဲ့စည်း ထားသည်။

Source: 

7 Day Daily