အစိုးရအဖွဲ့သစ်ထံ အာ ဏာလွှဲပြောင်းရေးအခမ်းအနား ကို နိုင်ငံတော်သမ္မတအိမ်တော် တွင် ပြုလုပ်မည်မဟုတ်ဘဲ ပြည် သူ့လွှတ်တော်၌သာ ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးက ဆုံးဖြတ်ကြောင်း သတင်းရရှိသည်။
‘‘အစည်းအဝေးမှာ ပြောနိုင် တာ တစ်ခုပဲရှိတယ်။ အာဏာလွှဲ ပြောင်းရေးကို ပြည်သူ့လွှတ်တော် မှာပဲ လုပ်မယ်။ သမ္မတကိစ္စတွေ ဘာတွေ ဘာမှ ပြောစရာမရှိပါ ဘူး။ ဆွေးနွေးတာတော့ အများ ကြီးပါ။ ရှေ့လာမယ့် အစိုးရမှာ လုပ်ရမယ့်အလုပ်တွေ ဆွေးနွေး တယ်။ ဆုံးဖြတ်ချက်တစ်ခုမှ မရှိဘူး’’ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦး ဉာဏ်ဝင်းက မီဒီယာများအား ပြောသည်။
မတ်လ ၃ ရက်က နေပြည် တော်ရှိ နှင်းဆီစံအိမ်တွင်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေး နွေးအပြီး ပြန်လည်ထွက်ခွာလာ စဉ် ဦးဉာဏ်ဝင်းက မီဒီယာများ အား ပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ အာဏာ လွှဲပြောင်းရေး အခမ်းအနားကို အစိုးရအဖွဲ့က နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်လိုသည့် ဆန္ဒရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်၌သာ ကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားကို မတ်လ ၃၀ ရက်တွင် လွှတ်တော်၌ ပြုလုပ်ရန် စီစဉ်ထားပြီး လွှတ် တော်သို့ လက်ရှိသမ္မတ ဦးသိန်း စိန် တက်ရောက်မည်မဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ကူးပြောင်းရေးလုပ်ငန်း စဉ်များကို လက်ရှိအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် အ သွင်ကူးပြောင်းရေးအဖွဲ့ခေါင်း ဆောင် ဦးဝင်းထိန်က ပြောကြား သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု တွင် ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များခန့်အပ်ရေးကိစ္စ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ရွေးချယ်ရေး အပြီးသတ်ကိစ္စများ ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ မေးမြန်း ခဲ့သော်လည်း ယင်းကိစ္စများကို လတ်တလောတွင် ဖြေကြားရန် မရှိကြောင်း ဗဟိုအတွင်းရေးမှူး ကော်မတီ အချို့က ပြောကြား သည်။
ယနေ့အစည်းအဝေးတွင် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ သည်ဟုသာ သိရှိရပြီးအစိုးရအဖွဲ့ ဝင်များကိစ္စ၊ ဝန်ကြီးချုပ်ကိစ္စ စ သည်တို့ကို တစ်စုံတစ်ရာ မသိရှိရဘဲ လာမည့် မတ်လ ၁၀ ရက် ဒုသမ္မတ အမည်စာရင်းတင်သွင်း မှသာ သိရှိရမည်ဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပါတီဝင် လွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
လက်ရှိအစိုးရသည် ယခုလ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။