အာဏာလွှဲပြောင်းရာတွင် သမ္မတနှစ်ဦးကို ဂုဏ်ပြု တပ်ဖွဲ့ဖြင့် အလေးပြုမည့်အစီအစဉ်ပါဝင်

နိုင်ငံတော်အကြီး အကဲတာဝန် လွှဲပြောင်းမည့်အ ခမ်းအနားအစီအစဉ် လျာထား ချက်တွင် သမ္မတနှစ်ဦးကို ဂုဏ်ပြု တပ်ဖွဲ့ဖြင့် အလေးပြုမည့်အစီ အစဉ်ပါဝင်ကြောင်း သမ္မတပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော သည်။
‘‘သမ္မတသစ်နဲ့ သမ္မတ ဟောင်းကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ အ လေးပြုတဲ့အစီအစဉ်လည်း ပါ တယ်။ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုတယ်ဆိုတာ အများကြီး အဓိပ္ပာယ်လေးနက်တယ်လေ’’ ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းအခမ်းအနားကို သမ္မတအ သစ်ကျမ်းသစ္စာကျိန်ဆိုမည့် နေ့ ရက်တွင်ကျင်းပရန် လျာထား သည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အထူးဧည့်သည်တော်များကို ဖိတ် ကြားမည်ဖြစ်ပြီး ဝန်ကြီးဟောင်း နှင့် ဝန်ကြီးသစ်များကိုပါ ဖိတ် ကြားမည်ဟု ဆိုသည်။

သို့သော် အဆိုပါအခမ်းအ နားကို ပြည်ထောင်စုလွှတ်တော် နှင့် သမ္မတအိမ်တော် မည်သည့် နေရာ၌ပြုလုပ်မည်ကို ဆက်လက် ညှိနှိုင်းရဦးမည်ဟု ၎င်းက ပြော သည်။

‘‘သမ္မတရဲ့အဆောင်အ ယောင်ကို လွှဲပြောင်းပေးတဲ့အခါ သမ္မတအိမ်တော်မှာပဲ လွှဲပေး တော့ သင့်တော်တာပေါ့’’ဟု အစိုးရအဖွဲ့ဘက်က အိမ်တော်တွင် ပြုလုပ်လိုပြီး ဒီချုပ်ဘက်က လွှတ်တော်တွင် ပြုလုပ်ရန် ဆန္ဒရှိနေ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်သည် သမ္မတကို တင်မြှောက်ရသည့်နေ ရာလည်း ဖြစ်သည်။

နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှုအထောက်အ ကူပြုကော်မတီနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အသွင်ကူး ပြောင်းရေးအဖွဲ့အကြား သုံးကြိမ် တွေ့ဆုံခဲ့ပြီးသော်လည်း ညှိနှိုင်း စရာများ ကျန်ရှိနေ၍ ယခုရက်ပိုင်း အတွင်း ဆက်လက်တွေ့ဆုံရန် ရှိနေသည်။

ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင် မြှောက်နိုင်ရေး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့်ရက်ကို မူလကထက် သီတင်းတစ်ပတ် ရှေ့သို့တိုးခဲ့သည်။

မူလက မတ်လ ၁၇ ရက် တွင် ကျင်းပရန်သတ်မှတ်ထား သော်လည်း မတ်လ ၁၀ ရက်သို့ နာယကက ပြင်ဆင်သတ်မှတ် လိုက်ခြင်းဖြစ်သည်။

လက်ရှိအစိုးရသည် ယခုလ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။

Source: 

7 Day Daily