ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တင်သွင်းထား သည့် ကန့်ကွက်လွှာများကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ရုံးက မတ်လ ၁၀ ရက်မှစ၍ ပြည်နယ်များသို့ သွားရောက် စိစစ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ရွေးကောက်ပွဲကော်မရှင်ရုံး သို့ တိုင်ကြားထားသည့် အမှု ပေါင်း ၄၅ မှုအနက် သုံးမှုကို ကျေ အေးထားပြီး လက်ကျန်အမှုများ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဖွဲ့စိစစ်နေ သည်။
‘‘အမှုသည်တွေက တင်ပြ တယ်။ သူတို့လာတဲ့အခါ စရိတ် စကများပါတယ်။ ရုံးချိန်းပေးနေရ တာတော့ အမှုက လိုရင်းမရောက်ဘူးလေ။ ဟိုမှာ သွားစစ်တော့ အမှုသည် မထပ်တော့ဘူးပေါ့။ ဒီမှာက တရားခွင်နှစ်ခုပဲရှိတော့ ကြန့်ကြာတာပေါ့’’ဟု ရွေးကောက်ပွဲကော်မရှင်ရုံး ခုံရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးညွန့်တင်က ပြောသည်။
မတ်လ ၇ ရက်မှ ၁၇ ရက် အထိ ရှမ်းပြည်နယ် တောင်ကြီး မြို့နှင့်မတ်လ ၉ ရက်မှ ၁၆ ရက် အထိ ကချင်ပြည်နယ် မြစ်ကြီး နားမြို့တို့၌ စိစစ်မည်ဖြစ်ပြီး ကန့် ကွက်လွှာများကို ရွေးကောက်ပွဲ ကော်မရှင်ရုံးက တည်ဆဲဥပဒေ နှင့်အညီ ဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘သူတို့ကို စိစစ်တဲ့အခါမှာ လည်း သူတို့စီစဉ်ပေးတဲ့နေရာမှာ ပဲစစ်သွားမယ်။ အမှုပြတ်မယ်၊ မ ပြတ်ဘူးဆိုတာကတော့ စစ်ဆေး တဲ့သူတွေပေါ်မှာ မူတည်ပါ တယ်’’ ဟု ရွေးကောက်ပွဲကော်မ ရှင်ရုံး ခုံရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးညွန့်တင်ကပြောသည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေ အခန်း (၁၄) နှင့် သက်ဆိုင်သည့် ရွေးကောက်ပွဲကန့်ကွက်လွှာများ ကို ကော်မရှင်ရုံးက ဆက်လက် စိစစ်မည်ဖြစ်သည်။ ကန့်ကွက် လွှာအများဆုံး တင်သွင်းသော ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ၂၂၇ ဦး စစ်ဆေးရ မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သတင်းရရှိသည်။