၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု လေးဆယ် ကျော်ရှိသည့်အနက် ထက်ဝက် ကို နောက်တက်လာမည့် ရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြော သည်။
အဆိုပါကန့်ကွက်လွှာအမှု များကို လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်သက်တမ်း မကုန်ဆုံးမီ ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သော် လည်း လက်ရှိအထိ နှစ်မှုသာ ဖြေရှင်းပြီးပြတ်သေးကာ လက်ကျန်ကာလအတွင်း အမှုအရေအတွက် ထက်ဝက်ခန့်ကိုသာ စစ်ဆေးဖြေရှင်း တော့မည်ဟု ဦးမြင့်နိုင်က ပြောသည်။
‘‘အကုန်တော့ မပြီးနိုင်တော့ ဘူး။ ရှေ့မှာ ကျွန်တော်တို့ ဖြေ ရှင်းခဲ့တဲ့ အမှုတွေကိုလည်း ကိုး ကားလို့ရအောင် စီရင်ထုံးအဖြစ် ရေးသားသွားမှာပါ။ ပြန်တမ်းမှာ လည်း ထည့်သွင်းမှာဖြစ်ပါတယ်။ နောက်လူတွေ အခက်အခဲမရှိ အောင် စနစ်တကျ လွှဲပြောင်း သွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီး တွင် နိုင်ငံတစ်ဝန်းမှ ကန့်ကွက် လွှာအမှုပေါင်း ၄၅ မှုရှိခဲ့ပြီး တစ် မှုမှာ ပြန်လည်ရုပ်သိမ်းသွား ၍၄၄ မှုကျန်ရှိနေခဲ့သည်။ ယင်းထဲမှ နှစ်မှုသာ ဖြေရှင်းပြီး၍ ၄၂ မှု ကျန်ရှိနေခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်များ ကန့်ကွက်တိုင်ကြားမှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်သည် အမှုကိုးမှုဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ်က ရှစ်မှုဖြင့် ဒုတိယ အများဆုံး ဖြစ်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် သောစာရင်း များအရ သိရသည်။
တိုင်ကြားလွှာလျှောက်ထား မှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ၂၅ မှုဖြင့် အများဆုံးရှိခဲ့ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ၁၀ မှု ဖြင့် ဒုတိယအများဆုံး ရပ်တည်ခဲ့ သည်။
တိုင်ကြားသည့် လွှတ်တော် ကိုယ်စားလှယ်အဆင့်တွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ၂၅မှုဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်များက ၁၄ မှုဖြင့် ဒုတိယအများဆုံး ရပ်တည် ခဲ့သည်။
အဆိုပါ ကန့်ကွက်လွှာများ ကို ခုံရုံးအဖွဲ့ ၁၀ ဖွဲ့ဖြင့် စစ်ဆေး ကြားနာနေပြီး တရားရုံးချုပ်က လာရောက်ကူညီပေးနေကာ စောင့်ကြည့်လေ့လာသူများ လွတ်လပ်စွာ လေ့လာနိုင်ရန် စီစဉ်ပေး ထားကြောင်း ဦးမြင့်ခိုင်ကပြော သည်။