၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းရန် ပျက်ကွက် သည့်ကိုယ်စားလှယ်လောင်း ၁၆၀ဦးနှင့် ရွေးကောက်ပွဲကိုယ်စား လှယ် ၂၄ ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးပြီးနောက် အရည်အချင်း ပျက်ယွင်းသူများအဖြစ် ကြေညာ လိုက်သည်။
သို့ဖြစ်ရာ ၎င်းတို့သည် လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် (ကြားဖြတ်) ရွေး ကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ခွင့် ရှိတော့မည်မဟုတ်ပေ။
ရွေးကောက်ပွဲကုန်ကျစရိတ် ကို ကျပ်သိန်းတစ်ရာသတ်မှတ် ထားပြီး ရွေးကောက်ပွဲနိုင်သူရော ရှုံးသူပါ ရွေးကောက်ခံကိုယ်စား လှယ်အမည်စာရင်းကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်သည်။
ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကုန်ကျစရိတ် မ တင်ပြသည့် ကိုယ်စားလှယ် လောင်း ၁၇၅ ဦးနှင့် ရွေးကောက် ပွဲကိုယ်စားလှယ် ၃၂ ဦးရှိသည်။
၎င်းတို့ကို အရည်အချင်း ပျက်ယွင်းသူများဟုတ်၊ မဟုတ် ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့၍ ဇန်နဝါ ရီ ၂၁ ရက်မှစတင်စစ်ဆေးခဲ့ပြီး ကိုယ်စားလှယ်လောင်း ၁၆၀ ဦးနှင့် ရွေးကောက်ပွဲကိုယ်စားလှယ် ၂၄ ဦးကို အရည်အချင်း ပျက်ယွင်းသူ များအဖြစ် ကြေညာလိုက်ခြင်း ဖြစ် သည်။
လွှတ်တော်ကိုယ်စားလှယ် လောင်း ၃,၀၅၅ ဦးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတင်သွင်းရန် သတ်မှတ် ထားသည့် ရက်ပေါင်း ၆၀ အတွင်းတင်သွင်းသူ ၂,၉၃၄ ဦးရှိပြီး ပျက် ကွက်သူ ၁၂၁ ဦးရှိခဲ့သည်။ ယင်း တို့အနက် နှစ်ဦးကွယ်လွန်ပြီး ခြောက်ဦးမှာ ခိုင်လုံစွာအကြောင်း ပြနိုင်ခဲ့သည်။ သို့ဖြစ်ရာ ရွေး ကောက်ပွဲကုန်ကျစရိတ်တင်သွင်း ရန် ပျက်ကွက်ခဲ့သောလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁၃ ဦးနှင့်ရွေးကောက်ပွဲကိုယ်စားလှယ် ၃၁ ဦးတို့သည် အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်ခြင်းမရှိသော ကြောင့် အရည်အချင်းပျက်ယွင်း သူများအဖြစ် သတ်မှတ်ကြေညာ ခြင်းခံခဲ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရ သည်။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်မူ အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရသူ မရှိခဲ့ပေ။