နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေး အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အသွင်ကူး ပြောင်းရေးကော်မတီတို့သည် ဖေဖော်ဝါရီ ၂၄ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် တတိယအကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘ကျွန်တော်တို့ဘက်က ဝန် ကြီးဌာနတွေ လွှဲဖို့စာရင်းဇယား တွေက ပြီးသလောက်ဖြစ်သွား ပြီ။ နောက်တစ်ခုက အခမ်းအနား နဲ့ပတ်သက်လို့ ပြောမှာပေါ့’’ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ပြောသည်။
နိုင်ငံတော် အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေး အခမ်းအနားကို သမ္မတအိမ်တော်၌ မတ်လ ၃၁ ရက်တွင် ပြုလုပ်မည်ဟု ၎င်းက ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက် ရောက်ရန် မသေချာသေးကြောင်း ဒီချုပ်မှ ကော်မတီခေါင်းဆောင် ဦးဝင်းထိန်က ပြောသည်။ ဦးဝင်းထိန်သည် ဖေဖော်ဝါရီ ဒုတိယပတ်က တစ်ပတ်ကြာ ဆေးရုံ တက်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ တွေ့ဆုံပြီးတိုင်း ကော် မတီနှစ်ခု တွေ့ဆုံလေ့ရှိကြပြီး ယင်းမှာ တိုက်ဆိုင်မှုသာဖြစ် ကြောင်း ဦးရဲထွဋ်က ပြောသည်။
လက်ရှိအချိန်ထိ ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတဦးသိန်း စိန်တို့ သီးသန့်ထပ်မံတွေ့ဆုံရန် မရှိကြောင်း ၎င်းက ပြောသည်။
နိုင်ငံတော် အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေးအတွက် အစိုးရကိုယ် စားလှယ်အဖွဲ့ကို ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ဦးဆောင်ပြီး သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ဖွဲ့စည်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဘက်တွင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (အ ငြိမ်းစား) ဒေါက်တာအောင်သူတို့ ဖြင့် ဖွဲ့စည်းထားသည်။