ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေများ ပြန်လည်ထုတ်ယူ ရမည့် ပုဂ္ဂိုလ်များသည် သက်ဆိုင် ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဆက်သွယ်၍ လာ မည့် ဇွန်လကုန်နောက်ဆုံးထား ထုတ်ယူကြရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ ကြောင်း သတင်းရရှိသည်။
၎င်းတို့သည် သတ်မှတ်ကာ လအတွင်း ပြန်လည်ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာသို့ ပေး သွင်းမည်ဟုလည်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည့် သတိပေးကြေညာချက်၌ ပါရှိသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများအနက် ရွေး ကောက်ပွဲမကျင်းပမီ ကွယ်လွန်သူ များ၊ တင်သွင်းလွှာပယ်ချခံရသူ များ၊ ရွေးကောက်ပွဲရွှေ့ဆိုင်းထား သော မဲဆန္ဒနယ်များမှ ပုဂ္ဂိုလ်များ၊ငွေစာရင်းနှစ်နေရာတွင် နှစ်ကြိမ် မှားယွင်းပေးသွင်းခဲ့သူများ၊ အ ကြောင်းအမျိုးမျိုးကြောင့် အမည် စာရင်းပြန်လည်ရုပ်သိမ်း၍ ဝင် ရောက်ယှဉ်ပြိုင်ခြင်းမရှိသူများ၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခိုင်လုံမဲရှစ် ပုံတစ်ပုံနှင့် အထက် ရရှိသည့် ပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေများ ပြန်လည်ထုတ်ယူခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ပုဂ္ဂိုလ်များအား ရွေးကောက်ပွဲဝင် ခွင့်အာမခံငွေများကို သက်ဆိုင် ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပြန်လည်ထုတ်ပေးလျက်ရှိသည်။
ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦးချင်းစီ သည် ကိုယ်စားလှယ်လောင်းအ မည်စာရင်းတင်သွင်းစဉ်က အာမ ခံကြေးငွေကျပ် သုံးသိန်းကို မြန်မာ့ စီးပွားရေးဘဏ်ခွဲများ၌ ပေးသွင်းထားရခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။