ရွေးကောက်ပွဲအသုံးစရိတ် မတင်သွင်းသည့် ကိုယ် စားလှယ်လောင်း ၂၉ ဦးကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်မည်

ရွေးကောက်ပွဲအသုံးစ ရိတ်တင်သွင်းခြင်းမရှိသည့် တိုင်း ဒေသကြီး သုံးခုနှင့် ပြည်နယ် တစ် ခုမှ လွှတ်တော်ကိုယ်စားလှယ် လောင်း ၂၉ ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ်များအနက် ကရင်ပြည်နယ် နှင့် နေပြည်တော်ပြည်ထောင်စု နယ်မြေမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၅ ဦးနှင့်ရွေးကောက်ပွဲကိုယ်စားလှယ် ၃၂ ဦး၊ စုစုပေါင်း ၂၀၇ ဦးတို့ ရွေး ကောက်ပွဲအသုံးစရိတ်တင်သွင်း ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိုယ်စားလှယ် လောင်းများသည် စစ်ကိုင်း၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့မှ အမှုများကို စိစစ် ပြီးဖြစ်၍ ပျက်ကွက်သည့် ကိုယ် စားလှယ်လောင်းများကို အရည်အချင်း ပျက်ယွင်းသူများအဖြစ် သတ်မှတ်ကာ လာမည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ် ပင်ခြင်းဖြစ်သည်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရုံး ပြောရေးဆိုခွင့်အဖွဲ့မှ ဦးညွန့်တင်က ပြောသည်။

‘‘ဥပဒေပါ ပြဋ္ဌာန်းချက်အ တိုင်း အရေးယူတာဖြစ်ပါတယ်’’ ဟု ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်များအား အရေးယူ မှုနှင့် ပတ်သက်၍ ဦးညွန့်တင်က ပြောသည်။

ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းရန် ပျက်ကွက်မှုများနှင့် ပတ်သက်၍ အသုံးစရိတ်တင် သွင်းရန် ပျက်ကွက်သည့် ကိုယ် စားလှယ်လောင်းများအား ဒဏ် ကြေးငွေ၊ ကြားဖြတ်ရွေးကောက် ပွဲများနှင့် နောက်တစ်ကြိမ်ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ် ပင်မည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

လက်ရှိစစ်ဆေးပြီးစီးမှုများ အရ ချင်းပြည်နယ်တွင် လွှတ် တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် လွှတ်တော်ကိုယ် စားလှယ်လောင်းငါးဦးနှင့် ရွေး ကောက်ပွဲကိုယ်စားလှယ်တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၇ ဦးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် သုံးဦး၊ စုစုပေါင်း ၂၉ ဦးတို့ကို အရည်အချင်းပျက် ယွင်းသူများအဖြစ် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေ သကြီးအတွင်းမှ ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းရန် ပျက်ကွက်သည့်အမှု အချို့ကို စိစစ်ပြီးအရည်အချင်းပျက်ယွင်းသူများ အဖြစ် သတ်မှတ်ပြီးဖြစ်ကာ အခြားအမှုများကို ဆက်လက်စိစစ်နေ ဆဲဖြစ်သည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။

၎င်းအသုံးစရိတ်တင်သွင်း ရန် ပျက်ကွက်မှုများကို ခုံဖွဲ့ ၁၃ ဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အသုံးစရိတ်တင်သွင်းရန် ပျက်ကွက်သည့်ကိုယ်စားလှယ် အား ရုံးသို့ ဆင့်ခေါ်စိစစ်ပြီး သက်သေများ တင်သွင်းကာ ပြန်လည် ချေပခွင့်ပြုသော်လည်း အချို့ ကိုယ်စားလှယ်လောင်းများက ရုံးသို့ လာရောက်စိစစ်မှု ခံယူခြင်း မရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တာဝန်ရှိသူ များက ပြောသည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းများအနေဖြင့် ရွေး ကောက်ပွဲမဲဆွယ်အသုံးစရိတ် ကျပ်သိန်း ၁၀၀ ထက်ပိုမိုသုံးစွဲ ခြင်းမပြုရန် ပြည်ထောင်စုရွေး ကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်း သတ်မှတ်ထားပြီး ရွေးကောက်ပွဲ ကာလသုံးစွဲခဲ့သည့် အသုံးစရိတ် များကိုလည်း ရွေးကောက်ပွဲကျင်း ပပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာခရိုင်ရုံးများသို့ အ ထောက်အထားများနှင့်တကွ တင်ပြရမည်ဟု ဥပဒေပြဋ္ဌာန်းသတ် မှတ်ထားသည်။

ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် အမှုများအားလုံး စိစစ်ပြီးပါက အရေးယူအပြစ်ပေးမှုများကို အ များပြည်သူသိရှိနိုင်ရန် ထုတ် ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

Source: 

7 Day Daily