မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ဦးစိုင်းကျော်ဇော သည် ရှမ်းတိုင်းရင်းသား မဟုတ် ဟုဆိုကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်လောင်းက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းထားမှု ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံအဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် ပထမဆုံးအကြိမ် နှစ် ဖက်ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် စုစုပေါင်းရုံးချိန်း လေးကြိမ်ခန့် ခေါ်ယူစစ်ဆေးခဲ့ကာ အမိန့်ချ မှတ်မည်ဟု ကန့်ကွက်လွှာတင် သွင်းခံရသည့် ဒီချုပ်ပါတီကိုယ်စားလှယ် ဦးစိုင်းကျော်ဇောက ပြောသည်။
‘‘အားလုံးအဆင့်ဆင့်စစ် ဆေးပြီးတော့ ကောက်ချက်တွေ ပြီးသွားပါပြီ။ အမိန့်ချဖို့ပဲ ကျန် တော့တာပါ’’ဟု ဦးစိုင်းကျော်ဇော က ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်သည် ဘိုးစဉ်ဘောင် ဆက်မှအစ လက်ရှိကိုင်ဆောင် ထားသည့် မှတ်ပုံတင်တွင် ရှမ်းတိုင်းရင်းသားဟု မဖော်ပြထား၍ ရှမ်းတိုင်းရင်းသား မဟုတ်သူ တစ်ဦးက ရှမ်းတိုင်းရင်းသားရေး ရာဝန်ကြီးဖြစ်လာမည်ဆိုလျှင် တိုင်းရင်းသားများအခွင့်အရေး နစ်နာမှုမရှိစေရန် ကန့်ကွက် လွှာတင်သွင်းခြင်းဖြစ်ကြောင်း SNLD ပါတီ မန္တလေးတိုင်းဒေသ ကြီး အတွင်းရေးမှူးဦးစိုင်းဆိုင် လင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းခံရသည့် ဒီချုပ်ကိုယ်စား လှယ် ဦးစိုင်းကျော်ဇောသည် ရွေး ကောက်ပွဲမတိုင်မီ ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်း စဉ်က ရှမ်းတိုင်းရင်းသားမဟုတ် ဟုဆိုကာ တိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်က ပယ်ချခဲ့ ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အယူခံဆက်တက် ရာ၌ အနိုင်ရခဲ့ပြီး ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးတွင် ရွေး ကောက်ပွဲမသမာ မှုများနှင့်ပတ်သက်၍ ကန့်ကွက်လွှာတင်သွင်းမှု၄၅ မှုရှိခဲ့ပြီး အမှုအချို့ ပြန်လည်ရုပ်သိမ်းခဲ့သော် လည်း ၄၃ မှုကို ခုံဖွဲ့စစ်ဆေးနေကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကန့်ကွက်လွှာအမှုများသည် တရားမမှုသဘောမျိုး လက်ခံစိ စစ်ရခြင်းဖြင့် စစ်ဆေးချိန်ကြန့် ကြာနေပြီး လက်ရှိကော်မရှင် လက်ထက်၌ မပြီးပြတ်သော အမှုများကို ရွေးကောက်ပွဲကော်မရှင် အသစ်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။