သမ္မတနေရာ အ ပါအဝင် အစိုးရဖွဲ့စည်းရေးသည် မတ်လအထိ အချိန်ရသည့်အ တွက် အမည်စာရင်းများကိုအချိန် တန်လျှင် ထုတ်ပြန်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘အချိန်ပေးထားတာက မတ်လအထိ အချိန်ပေးထား တယ်။ အဲဒီတော့ သိပ်ပြီးအမော ခံမနေနဲ့။ အချိန်တန်ရင်ပြောပါမယ်’’ ဟုဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၃ ရက်တွင် သတင်း ထောက်များနှင့်တွေ့ဆုံရာပြောကြားသည်။
လူရွေးချယ်ခြင်းသည် သေ ချာစဉ်းစားရွေးချယ်ရသည့်အပြင် နိုင်ငံရေးအရ၊ အရည်အချင်းအရ၊ ပြည်ထောင်စု၏ လိုအပ်ချက်အရ အဘက်ဘက်ကိုကြည့်ပြီး ရွေး ချယ်ရခြင်းဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကိုလည်း ယင်းနည်းလမ်းအတိုင်း ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ပေး မည့်သူများကို တစ်ဖက်သတ်ဆန္ဒ အတိုင်း ဆုံးဖြတ်၍ မရဘဲ တာဝန် ပေးခံရမည့်သူများ၏ဆန္ဒသဘော ထားကိုလည်း မေးမြန်းရကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားသည်။
‘‘နေရာယူလို့ပြောလို့ရတာ မဟုတ်ဘူး။ မေတ္တာရပ်ခံ ရတာ ပေါ့။ ဒီတာဝန်များယူပေးလို့ရ မလား။ ဟိုဘက်က အဖြေကို လည်း အန်တီတို့ကစောင့်ရသေး တာပေါ့။ နောက်စဉ်းစားဖို့ အချိန် လည်းပေးရသေးတယ်။ အဲဒါ တွေကလည်း ရှိသေးတယ်။ အ ချိန်မတိုင်ခင် ပြောဖို့ဆိုတာ မ သင့်တော်ဘူး။ အန်တီတို့ အချိန် တန်ရင်တော့ ပြောမှာပေါ့’’ ဟု ၎င်းက ပြောသည်။
ပြည်သူ့လွှတ်တော်နှင့်အမျိုး သားလွှတ်တော်တို့၏ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌနေရာများအတွက် ရွေး ချယ်တင်မြှောက်ပြီးဖြစ်သဖြင့် မ ကြာမီ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများ၌ သမ္မတ လောင်းအမည်စာရင်း တင်သွင်း ရန်ရှိနေသည်။
လက်ရှိတွင် ဒီချုပ်က တင် မြှောက်မည့် သမ္မတလောင်းနေ ရာနှင့် အစိုးရအဖွဲ့တွင် ပါဝင်မည့် သူများနှင့်ပတ်သက်၍ ခန့်မှန်း ချက်အမျိုးမျိုးထွက်ပေါ်နေသည်။