လွှတ်တော်သစ်တက်မည့် အမတ်များ ဇန်နဝါရီ ၂၆ ရက် နောက်ဆုံးသတင်းပို့ရမည်

လာမည့်ဖေဖော် ဝါရီ ၁ရက်တွင် ကျင်းပမည့်ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်အစည်းအဝေးသစ်များသို့ တက်ရောက်မည့်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စား လှယ်လောင်းများအနေဖြင့် ဇန်နဝါရီ ၂၅၊ ၂၆ရက်များတွင် လွှတ်တော်ရုံးသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲအနိုင်ရပြည် သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် အစည်းအဝေးအတွက် လို အပ်သည့်ပြင်ဆင်မှုများပြုလုပ် နိုင်ရန် နေပြည်တော်ရုံးအမှတ် (၂၀)သို့ ဇန်နဝါရီလ ၂၅ရက်(တန င်္လာ)ထက်မစော ဇန်နဝါရီ ၂၆ ရက်(အင်္ဂါ)ထက်နောက်မကျဘဲ သတင်းပို့ရန် သက်ဆိုင်ရာလွှတ် တော်ရုံးများက ထုတ်ပြန်ထား သည်။

ယင်းသို့ သတင်းပို့ရာတွင် နေပြည်တော်ရုံးအမှတ် (၂၀)၊ လွှတ်တော်ရုံးသို့ သတင်းပေးပို့ နိုင်သကဲ့သို့ နေပြည်တော်စည်ပင် ဧည့်ရိပ်သာဝင်းအတွင်းနေထိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယင်းရိပ်သာဝင်းအတွင်း၌ သတင်းပေးပို့နိုင်ကြောင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီရုံးချုပ်တွင် နေထိုင် ကြမည့် လွှတ်တော်ကိုယ်စား လှယ်များသည်လည်း ယင်းပါတီ ရုံးချုပ်သို့ သတင်းပေးပို့နိုင် ကြောင်း သိရသည်။

‘‘ရုံးအမှတ် ၂ဝမှာလည်းပေး နိုင်သလို စည်ပင်ရိပ်သာတို့၊ ပြည် ခိုင်ဖြိုးပါတီရုံးချုပ်တို့မှာနေမယ့် ကိုယ်စားလှယ်တွေလည်းသူတို့ တည်းခိုမယ့်နေရာမှာတင်လွှတ် တော်တက်ဖို့သတင်းပေးပို့လို့ရ အောင် စီစဉ်ပေးထားတယ်’’ဟု ပြည်သူ့လွှတ်တော်ရုံးဒုတိယညွှန် ကြားရေးမှူးချုပ်ဦးခင်မောင်ဝင်း ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ပြည်ထောင်စုလွှတ်တော်နာ ယကသူရဦးရွှေမန်းနှင့် ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်တို့သည် နေ ပြည်တော်စည်ပင်ဧည့်ရိပ်သာ ဝင်းအတွင်း လွှတ်တော်ကိုယ်စား လှယ်များအတွက် နေရေးထိုင် ရေးစီစဉ်ထားရှိမှုများကိုလိုက်လံ ကြည့်ရှုခဲ့ကြသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်းများတက် ရောက်ကြမည့် ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော်အစည်းအဝေးများကို လာမည့်ဖေဖော်ဝါရီ ၁ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

Source: 

7 Day Daily