မွန်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော်အစည်းအ ဝေး ဖေဖော်ဝါရီ ၈ ရက်တွင် စတင်မည်

မွန်ပြည်နယ်ဒုတိယ အကြိမ် လွှတ်တော်အစည်းအဝေး ကို ဖေဖော်ဝါရီ ၈ ရက်တွင်စတင် ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌက ပြော ကြားသည်။

လွှတ်တော် အစည်းအဝေး ကျင်းပသည့်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှအနိုင်ရကိုယ် စားလှယ် ၁၉ ဦး၊ မွန်အမျိုးသား ပါတီမှ ကိုယ်စားလှယ် နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်မည်ဖြစ်သည်။

လွှတ်တော်အစည်းအဝေး စတင်ပြုလုပ်ချိန်တွင် လွှတ်တော် သဘာပတိကို ရွေးချယ်မည်ဖြစ် ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကြင်ဖေကဆိုသည်။

‘‘ပြည်ထောင်စုလွှတ်တော် စတဲ့နေ့က ကျွန်တော်တို့ကိုယ်စား လှယ်တွေ သက်တမ်းစတဲ့နေ့လို့ မှတ်ယူထားရမယ်။ ပြည်ထောင်စု လွှတ်တော်နဲ့ ကျွန်တော်တို့လွှတ် တော်ကြားထဲမှာခုနစ်ရက်လောက် ဟသွားတာ လွှတ်တော် ဥက္ကဋ္ဌ လည်းမရှိ၊ ကိုယ်စားလှယ်လောင်း တွေလည်းမရှိဘူးလို့ ကျွန်တော် မြင်တယ်။ ဒါပေမဲ့ ကိုယ်စားလှယ် လောင်းတွေက သက်တမ်းတော့ စတယ်။ ကျမ်းမကျိန်ရသေးတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တော့ အသက်မဝင်သေးဘူး။ ကိုယ်စားလှယ်လောင်းတွေက အ စည်းအဝေးစတဲ့နေ့မှာ ကျမ်းကျိန် ရမယ်ဆိုတော့’’ ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်နိုင်ဦးကပြောသည်။

ပြည်နယ်လွှတ်တော်ဥပဒေ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု လွှတ်တော်စတင်ကျင်းပပြီး ပြည် နယ်နှင့် တိုင်းဒေသကြီး လွှတ် တော်များက၁၅ရက်အတွင်းမည် သည့်ရက်မဆို လွှတ်တော် အ စည်းအဝေး ပြုလုပ်နိုင်သည်ဟု ယင်းဥပဒေတွင် ရေးသားထား ကြောင်း ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

မွန်ပြည်နယ် ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး (၁၃) ကြိမ်မြောက် ကျင်းပပြုလုပ် ခဲ့ချိန်တွင် အဆိုပေါင်း ၃၄ ခု အ တည်ပြုခဲ့ပြီး ဥပဒေ ၃၅ ခုနှင့်နည်း ဥပဒေ ၁၅ ခု ရွေးဆွဲအတည်ပြုခဲ့ သည်။

Source: 

7 Day Daily