တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သစ်များ ကျင်းပမည့်ရက် ရွှေ့ဆိုင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အသစ်များ စတင်ကျင်းပရန်သတ်မှတ်ထား သည့်ရက် ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင်ဖေဖော် ဝါရီ ၁ ရက်၌ အသစ်စတင်ကျင်း ပမည့် ပြည်သူ့လွှတ်တော်နှင့်အ မျိုးသားလွှတ်တော်္များသို့ လေ့ လာရေး ကိုယ်စားလှယ်များ စေ လွှတ်ရန် တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်အသစ်များကို မူလကျင်းပမည့် ဖေဖော်ဝါရီ ၁ ရက်နေ့အစား ဖေဖော်ဝါရီ ၈ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ မှ သိရသည်။

‘‘အစက ဖေဖော်ဝါရီ ၁ ရက် မှာစမယ်ပေါ့။ နောက်တော့ လေ့ လာရေးသွားမယ့်သူတွေရှိတော့ ၈ ရက်မှပဲ လုပ်တော့မယ်ကြား တယ်’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကရင်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းခင် ထွေးမြင့်ကပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အသစ်များကို မူလက ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပရန် သတ်မှတ်ထားပြီးယင်း လွှတ်တော်များသို့ တက်ရောက် မည့် လွှတ်တော်ကိုယ်စားလှယ် များထံ သက်ဆိုင်ရာလွှတ်တော် များက အကြောင်းကြားထား သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည်ဟု ဇန်နဝါရီ ၁၉ ရက်က ယင်းလွှတ်တော်က ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော်အသစ်ကလည်း မူလကျင်းပရန် သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၁ ရက်အစား ဖေ ဖော်ဝါရီ ၈ ရက်တွင်သာ ကျင်းပမည်ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးရက် ရွှေ့ဆိုင်းရခြင်းအကြောင်းကို ယင်းလွှတ်တော်အသစ်သို့ တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြားထားရာတွင် ပြည်ထောင်စုလွှတ်တော်ရုံးက ၂၀၁၆ ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ် တော်တို့၏ အစည်းအဝေး စတင်ကျင်းပမှုများကို အထူးလေ့လာသူအဖြစ် တက်ရောက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်အသစ်များအတွက် ရွေးချယ်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံရေးပါတီအလိုက် အင်အားသတ်မှတ်ထားပြီး ဖိတ်ကြားထားသည်ဟု ပါရှိသည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲရလဒ်ကြောင့် ပေါ်ထွက်လာခဲ့သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ငါးနှစ်တာ သက်တမ်းသည် ယခု ဇန်နဝါရီ ၃၁ ရက်တွင် သက် တမ်းကုန်ဆုံးမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များ၏ သက်တမ်း သည် ပြည်သူ့လွှတ်တော်သက် တမ်းနှင့်အညီဖြစ်ကာ ယင်းလွှတ် တော်အစည်းအဝေးများကို လွှတ် တော်အသစ်သက်တမ်း ပြန်လည် စတင်သည့် နေ့မှ ၁၅ ရက်အတွင်း ခေါ်ယူကျင်းပရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထား ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့ထံမှ သိရသည်။

Source: 

7 Day Daily